Fact Check: ဗီယက်နမ်မှာ ရထားစီးရင်း မိုးမလုံလို့ ထီးဆောင်းနေရတာလား-မဟုတ်ပါ

ရထားပေါ်မှာ ထီးဖွင့်ထားတဲ့ ဓာတ်ပုံတွေနဲ့အတူ တရုတ်နည်းပညာနဲ့ ဆောက်လုပ်ခဲ့တဲ့ ဗီယက်နမ်က ရထားလိုင်းဟာ တနှစ်မကြာသေးခင်မှာ ပျက်စီးခဲ့ပြီး မြို့တွင်း ရထားစီးရင်း မိုးမလုံလို့ ရထားစီးသူတွေဟာ ထီးဆောင်းနေရတယ်လို့ပြောဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။  ဒါပေမဲ့ မှားယွင်းပြောဆိုချက်ဖြစ်ပြီး ဗီယက်နမ်က ရထားလေအေးပေး စက်ချို့ ယွင်းမှုဖြစ်စဉ်တခုနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံသာ ဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  တူညီစွာ  ပြောဆိုဖြန့်ဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “တရုတ်နည်းပညာနဲ့ ရထားလိုင်းဖွင့်ပြီး တနှစ်မကြာသေးခင် ဗီယက်နမ်နိုင်ငံသားတွေဟာ မြို့တွင်းရထားစီးရင်း မိုးမလုံလို့ ထီးဆောင်းနေကြရရှာပါတယ်။ တရုတ်ရထားနည်းပညာအစွမ်း အံ့မခန်းပါပဲ။ 😁 photo: ASEAN urbanist” Original link | Archive […]

Continue Reading