Fact Check: NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးတဲ့ သတင်းတု

NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီး စစ်ရေးပစ်မှတ်အားလုံးကို တပြိုင်နက်ထဲစတင်တိုက်ခိုက်ပြီလို့ဆိုကာ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီ စစ်ရေးပစ်မှတ်အားလုံး တပြိုင်ထဲ စတိုက်ပြီ ရန်ကုန်တမြို့လုံး ပွတ်လောရိုက်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ အမည်နာမည်နဲ့အမှတ်တံဆိပ်ကို တုပထားပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  […]

Continue Reading

Fact Check: သုံးထပ် သင်္ဘောနဲ့တိုက်ပြီး ရန်ကုန်-ဒလမြစ်ကူးတံတားကျိုးပျက်မှုလား-မဟုတ်ပါ

သုံးထပ် သင်္ဘောနဲ့တိုက်ပြီး ရန်ကုန်-ဒလမြစ်ကူးတံတားကျိုးမှုလို့ ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။ ဗွီဒီယိုဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ ဖိလစ်ပိုင်နိုင်ငံက အဖြစ်အပျက်တခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ရန်ကုန်မြို့ ဒလ တံတာကျိုးသွားပြီး ၃ ထပ်သင်္ဘောကြီးဖြတ်သွားရင် အရှိန်မထိန်းနိုင်လို 6လ3ရက်2025 ညနေ့1နာရီ15မိနစ်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၄ ခုနစ်က ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ဖြစ်တာတွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်က […]

Continue Reading

Fact Check: ရန်ကုန်မှာ အင်အား ၈ ဒဿမ ၉ အင်အားရှိတဲ့ ငလျင်ကြီးလှုပ်ခတ်မယ် ဆိုတဲ့ သတင်းတု

ရန်ကုန်အပါအဝင် မြို့ ၄ မြို့ ဒီညမှာ အင်အား ၈ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးတခု ထပ်လှုပ်ဖို့ရှိတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ပို့စ်တခု ယူကျူ့မှာ ဧပြီ ၁၇ ရက်က ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။အလားတူတဲ့ မျှဝေမှု ကို ဒီနေရာမှာလည်းတွေ့ရတယ်။ “ဒီနေ့ည မျို့ကြီး ၄ မြို့ ငလျင် အရေးပေါ် ဖျက်အားပြင်း ငလျင် ၈.၉ ခန့် ရန်ကုန်ပါဝင်လာပြီး မြန်မာပြည် အခြေအနေဆိုပြီ” Original link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီပြောဆိုချက်နဲ့ အလားတူတဲ့ ရေးသားမျှဝေမှုဖြစ်တဲ့ ဧပြီ […]

Continue Reading

Fact Check: ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီလို့ သားဖြစ်သူ ကိုထိန်လင်းက အတည်ပြုလိုက်တယ်ဆိုပြီးတော့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “ခြံအမှတ်(၅၄)နေအိမ် အမေစု ပြန်ရောက်ပြီဟု  သားဖြစ်သူကိုယ်တိုင် အတည်ပြုကြေညာလို့  တနိုင်ငံလုံး အိုးစည်ဗုံမောင်းတီးကခုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာ တွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။  အခုလည်း တကယ်တမ်း ဗွီဒီယိုအစမှာ ပြသတဲ့ […]

Continue Reading

Fact Check: ရန်ကုန်မြို့သိမ်းတိုက်ပွဲစပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့သိမ်းတိုက်ပွဲစတင်လိုက်ပြီး အစိုးရ ရုံးတွေနဲ့ ဌာနဆိုင်ရာတွေ ပစ်ခတ်တိုက်ခိုက်ခံရဆိုတဲ့  သတင်းတု ဗွီဒီယို ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မျာ ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ် ကို အောက်မှာ ကြည့်ပါ။  “ရန်ကုန် မြို့သိမ်းတိုက်ပွဲ စပြီ ရန်ကုန်ကို စစ်ကောင်စီ ပစ်မိန့်ကြေညာ ရန်ကုန်အစိုးရ ရုံးနဲ့ ဌါန ဆိုင်ရာ များ ပစ်ခတ်ခံရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို […]

Continue Reading

Fact Check: ရန်ကုန်ဝန်ကြီးချုပ်နဲ့ မန္တလေးဝန်ကြီးချုပ် မိသားစုလိုက် လမ်းပေါ်မှာ အသတ်ခံရဆိုတဲ့ သတင်းတု 

ရန်ကုန်ဝန်ကြီးချုပ်နဲ့ မန္တလေးဝန်ကြီးချုပ် မိသားစုလိုက် လမ်းပေါ်မှာ အသတ်ခံရဆိုထားတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  ဒီဇင်ဘာ –ရက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “ည (၇)နာရီ အ‌‌ရေးပေါ်သတင်းထူးကြီး ကားလမ်းမပေါ် ရန်ကုန်ဝန်ကြီးချုပ် မိသားစုလိုက် အသတ်ခံလိုက်ရ ပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ ရေးသားဖြန့်မျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ‌‌‌ဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတယ်။ တကယ်တမ်းမှာ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလို ရန်ကုန်နဲ့ မန္တလေးက […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေ ရုပ်သိမ်းမှု သတင်းခေါင်းစဉ်တု

မတ် ၂၂ ရက်မှာ စစ်မှုထမ်းဥပဒေ ရုပ်သိမ်းလိုက်တာကြောင့် လူငယ်တွေအနေနဲ့ ထွက်ပြေးစရာမလိုတော့ဘူးလို့ ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက် ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၂ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၄ သိန်းကျော်ရှိထားတယ်။  “၂၂ ရက်အထူးအစည်းဝေးဆုံးဖြတ်ချက် ကန့်ကွက်မှုများနေတဲ့ “စစ်မှုထမ်းဥပဒေ” ဖျက်သိမ်း လူငယ်များထွက်ပြေးရန်မလို၊ အခုပဲကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story (Myanmar)”အမည်နဲ့ ကျူ့ချန်နယ်က ဗွီဒီယိုတွေကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာ အချို့မှာ […]

Continue Reading

Fact Check: ရန်ကုန်တိုင်းစစ်ဌာနချုပ်ဖောက်ခွဲမှု ဗိုလ်ချုပ် ၃၀ ဦးသေဆုံးတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု

ရန်ကုန်တိုင်းရုံးပေါက်ကွဲမှုမှာ ဗိုလ်ချုပ် ၃၀ ဦးသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “ရန်ကုန်တိုင်းစစ်ဌာနချုပ်ဆဖါက်ခွဲမှုဗိုလ်ချုပ်(၃၀)သေ  မအလနဲ့စိုးဝင်း ထိပ်တိုက်တွေ့ပြီးချကုန်ပြီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ ရှိတဲ့ ချန်နယ် တခုဖြစ်တာ တွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက် စိစစ်ဖော်ပြခဲ့တာရှိပါတယ်။ […]

Continue Reading

Fact Check: တော်လှန်ရေးတပ်ဖွဲ့ ၅၀၀၀ နဲ့ ရန်ကုန်ကို ဝိုင်းထားလို့ လုံးဝအပြင်မထွက်ဖို့ တိုက်တွန်းတဲ့ သတင်းမှား

တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀၀ နဲ့ ရန်ကုန်မြို့ကို ဝိုင်းထားပြီးဖြစ်တာကြောင့် ဥဩဆွဲသံနေ ဆူညံနေပြီး လုံးဝအပြင်မထွက်ကြဖို့ သတိပေးတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဇန်နဝါရီ ၁၅ ရက်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့နဲ့ စာသားကို အောက်မှာကြည့်ပါ။  “(၁၅)ရက်နေ့ မအလ ရှုံးမဲမဲဖြစ်ပြီး ရန်ကုန်မြို့အရေးပေါ်ပြီဟေ့ တော်လှန်ရေးတပ်ဖွဲ့(၅)ထောင်နဲ့ တမြို့လုံးဝိုင်းထားကြပြီ လုံးဝအပြင်မထွက်ကြပါနဲ့/ ဥဩဆွဲသံ ဆူညံကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းတုတွေ ဖြန့်ချိနေခြင်းဖြစ်တယ်။  ၆ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာလည်း ဒီလို ရန်ကုန်ကို တော်လှန်ရေးအင်အားစုတွေ ဝိုင်းထားပြီဆိုတဲ့အကြောင်းမပါဝင်ပါဘူး။ […]

Continue Reading

Fact Check: ရန်ကုန်မှာ စက်သုံးဆီဆိုင်တဆိုင် တန်းစီစနစ်နဲ့ရောင်းချစဉ် ဗုံးခွဲတိုက်ခိုက် ခံရပြီး အများအပြားသေဆုံးတဲ့ သတင်းတု

ရန်ကုန်မြို့မှာ တန်းစီစနစ်နဲ့ ရောင်းနေတဲ့ ဆီဆိုင် ဗုံးခွဲတိုက်ခိုက်ခံရပြီး ပြည်သူအများအပြားသေဆုံးတယ်လို့ဆို တဲ့ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ ရုပ်ကတ်ပါစာသားကိုလည်း ကြည့်ပါ။ “(၂၆)ရက် အရေးပေါ်သတင်း ရန်ကုန်မြို့တွင်တန်းစီစနစ်ဖြင့် ရောင်းနေတဲ့ဆီဆိုင် ဗုံးခွဲတိုက်ခိုက်ခံရ ပြည်သူအများအပြားသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တန်းစီနေစဉ် ဆီဆိုင်တဆိုင် ဗုံးခွဲတိုက်ခိုက်ခံရလို့ အများအပြားသေဆုံးတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရတဲ့ သတင်းအရင်း အမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကိုပဲ ပြန်လည် ကူးယူဖော်ပြပြီး […]

Continue Reading