မိတ္ထီလာနဲ့ ရမည်းသင်းမှာ ပြည်ခိုင်ဖြိုးက ပြန်လည်အနိုင်ရရှိတယ်ဆိုတဲ့ သတင်းအမှား

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီး မိတ္ထီလာနဲ့ ရမည်းသင်းမြို့နယ်တွေမှာ မဲစားရင်းပြန်စစ်ဆေးတာကြောင့် ကြံ့ခိုင်ရေးပါတီကပြန်နိုင်သွားတယ်ဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက််ပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ ” သတင်းကောင်းလေး လာပေးတာ၊ မိတ္ထီလာနဲ့ရမည်းသင်း မဲစာရင်းပြန်စစ်တာ ကြံ့ခိုင်ရေး ပြန်နိုင်သွားပါပြီ”နဲ့ “ရမည်းသင်း လွှတ်တော်သုံးရပ်လုံး USDP အနိုင်ပြန်ရ မတရားမှုတွေ ပြန်ယူမှာနေ”လို့ စသဖြင့်ရေးသားနေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားနေတာနဲ့ပတ်သက်ပြီး မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဒေါက်တာသန်းထွန်းကို Fact Crescendo Myanmarမှ ဖုန်းနဲ့ဆက်သွယ်မေးမြန်းရမှာတော့ “ရလာဒ်ကတော့ အပြောင်းလဲမရှိပါဘူး၊ ဒီလိုရေးနေတာတွေက အမှားတွေလို့ပဲပြောချင်ပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း၊ NLDအောင်နိုင်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစန်းဝင်ရှိန်က Fact Crescendo Myanmarကို “ဒီလိုမဲစားရင်းပြန်စစ်တယ်၊ မဲပြန်ရေတယ်တို့ဆို့တာမဟုတ်ပါဘူး၊ ထင်ယောင်ထင်မှားဖြစအောင် လျှောက်ရေးနေတာပါ၊ မိတ္ထီလာမှာကော ရမည်းသင်းမှာကော ဒီလိုပြန်စစ်တယ်ဆိုတဲ့ […]

Continue Reading