Fact Check: လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူလို့ စွပ်စွဲခံရသူ မိသားစုကို PDF က သတ်ဖြတ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား
စစ်တပ်ထောက်ခံသူ လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူလို့ စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားသူ ကောင်းဇာ နည်ဟိန်းရဲ့ မိသားစုကို PDF က သတ်ဖြတ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိ တာတွေ့ရပါတယ်။ အမှန်တကယ်မှာ စစ်တပ်ထောက်တိုင် ပျူစောထီးအဖွဲ့ဝင်တွေက လာရောက်သတ်ဖြတ်သွားတာဖြစ်တယ်လို့ မီဒီယာတွေမှာဖော်ပြပါတယ်။ အောက်ပါစခရင်ရှော့ခ်ကတော့ ဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့ ပို့စ်ဖြစ်ပါတယ်။ အလားတူဖြန့်ဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ဖမ်းမိချိန်ဖော်ကောင်လုပ်လို့ဆိုပြီး အကြမ်းဖက် NUG pdfက လိုက်ရှင်းနေပြီ ဒေါ်လီလီနိုင်ကျော် အား သတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်း ၏ အမေ နှင့် အမ ဖြစ်သူ နှစ်ဦးကို ယမန်နေ့ညနေ့က ၎င်းတို့နေထိုင်ရာ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာရှိ ၎င်း နေအိမ်တွင် အသတ်ခံရ ။” မူရင်းလင်ခ့် […]
Continue Reading