Fact Check: စစ်မှုထမ်းဥပဒေ တရားဝင်ရုတ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု
စစ်မှုထမ်းဥပဒေကို တရားဝင်ရုတ်သိမ်းလိုက်ကြောင်း ကြေညာပြီလို့ ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းတု ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။ ဒီဇင်ဘာ ၂၅ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသား ကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုအကြိမ်အရေအတွက် ၂ ဒသမ ၂ သိန်းရရှိထားတယ်။ “လူငယ်တွေပြေးစရာမလိုတော့ဘူး စစ်မှုထမ်းဥပဒေကို တရားဝင်ရုတ်သိမ်းလိုက်ပြီ စစ်ရုံးပြီလို့ဝန်ခံ/ အမြန်နားထောင်ပေးကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံပြောဆိုချက်တွေနဲ့ ရောနှောဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]
Continue Reading