Fact Check: ပုံဟောင်းတွေကို အမြန်လမ်းမှာ လက်ရှိ ရေကြီးနေတဲ့ ဓာတ်ပုံအဖြစ် ဖြန့်ဝေနေ
မိုင်တိုင် ၃၅၄ ကနေ ၃၅၇ အထိ အမြန်လမ်းတလျှောက် ရေကြီးရေလျှံမှုဖြစ်ပြီး ရန်ကုန် – မန္တလေး အမြန်လမ်း လုံးဝ ပိတ်သွားပါပြီလို့ ဆိုထားတဲ့ ပို့စ်စက်တင်ဘာ ၂၇ ရက်မှာ ဖေ့စ်ဘွတ်မှာ ထပ်မံပျံ့နှံ့လျှက်ရှိတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား ဖြစ်တယ်။ စက်တင်ဘာ ၁၃ ရက်က အမြန်လမ်း ရေကျော်မူသတင်းကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ “ရန်ကုန် – မန္တလေး အမြန်လမ်း လုံးဝ ပိတ်သွားပါပြီ၊ မိုင်တိုင် ၃၅၄၊ ၃၅၅၊ ၃၅၆၊ ၃၅၇ လုံးဝ အခြေအနေ မကောင်းပါ။ ရန်ကုန်ဖက်မှ တက်လာမယ့် ကားရော၊ မန္တလေးဖက်မှ ဆင်းလာမယ့် ကားတွေရော လှည့်ပြန်ကြပါ။ လမ်းပြန်ပွင့်မလားဆိုပြီး မစောင့်ကြပါနဲ့။ […]
Continue Reading