Fact Check: ဘောလုံးသမား ရော်နယ်ဒို ဘုန်းကြီးဝတ်ဆိုတဲ့ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ

ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒိုဟာ မွတ်ဆလင်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီး ဘုန်းကြီးအပြီးဝတ်တော့မယ်လို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ရော်နယ်ဒို ခေါင်းတုံးတုန်းပြီး သင်္ကန်းရုံထားတဲ့ ဓာတ်ပုံနဲ့အတူ အေးချမ်းလှတဲ့ ထေရဝါဒသာသနာလို့ သိလိုက် ရလို့ မြန်မာနိုင်ငံမှာပဲ တသက်လုံးနေတော့မယ်လို့ ရော်နယ်ဒိုက ပြောကြောင်းလည်း ဖြန့်ဝေနေတဲ့ ပို့စ်မှာ ရေးသားထားပါတယ်။ ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ ပျံ့နှံ့မှုအားကောင်းနေတဲ့ တူညီတဲ့ရေး သားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒိုဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းတယ်ဆိုတဲ့ အထောက်အ ထားမတွေ့ရချိန်မှာ သူဟာ ကတ်သလစ် ခရစ်ယာန်ကို ယုံကြည်သက်ဝင်ပြီး ဘုရားကျောင်းကို […]

Continue Reading