Fact Check: မြန်မာစစ်ခေါင်းဆောင်ကို ICC က ဖမ်းဆီးမိန့်ကြေညာတဲ့ သတင်းတု 

မြန်မာစစ်ခေါင်းဆောင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဆီးမိန့်ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ICC ချက်ချင်း ဖမ်းဝရမ်းထုတ်ပြီ မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ ICC ရှေ့နေချုပ် အရေးပေါ် အမိန့်ကြေညာ၊ နေပြည်တော်အထိ ဖမ်းမိန့်ကျလာပြီ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့နာမည်ကို တုပပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်း အရာတွေကို ပြန်လည်ဖော်ပြတာနဲ့ လုပ်ကြံပြောဆိုချက် တွေ ဖြန့်ဝေလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း […]

Continue Reading

Fact Check: ရွေးကောက်ပွဲအကြို နေပြည်တော်တိုက်ခိုက်ခံရပြီး  စစ်ခေါင်းဆောင် အပါအဝင် ဗိုလ်ချုပ်တွေ သေဆုံးတဲ့ သတင်းတု 

ရွေးကောက်ပွဲအကြိုနေ့မှာ KIA နဲ့ AA က နေပြည်တော်ကို ဝင်တိုက်ခိုက်မှု စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်တွေ သေဆုံးတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “‌ရွေးကောက်ပွဲ အကြိုရက် နေပြည်တော် ပျက်ပြီ KIA နဲ့ AA တို့ ဦးဆောင်ပြီး နေပြည်တော် ကို  ဝင်စီးလို့ မင်းအောင်လှိုင် နဲ့ ဗိုလ်ချုပ်တွေသေကုန်ပြီ ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို လိုအပ်သလို ပြန်လည်တည်ဖြတ်ပြောဆိုတာနဲ့ လုပ်ကြံပြောဆိုချက်တွေ […]

Continue Reading

Fact Check: မြန်မာရွေးကောက်ပွဲကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ  စစ်ရေးအရ အရေးယူမယ်ဆိုတဲ့ သတင်းတု 

မြန်မာရွေးကောက်ပွဲကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ  စစ်ရေးအရ အရေးယူမယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့နေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “လူ့အခွင့်ရေးကောင်စီ ကြားဖြတ်သတင်း ရွေးကောက်ပွဲကို လက်နက်နဲ့ ဖျက်စီးမည် ပြည်သူများ ၂၈ ရက်နေ့ အပြင်မထွက်ကြနဲ့ အကုန် ပစ်မိန့်ပေးထားပြီ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ ရေးသားတဲ့အကြောင်းအရာတွေကို သတင်းခေါင်းစဉ် တုတပ် ဖြန့်ဝေတာတွေပြုလုပ်ပါတယ်။ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း လူမှုကွန်ယက်အသုံးပြုသူတယောက်ရေးသားတဲ့ “ကုလ ၏ […]

Continue Reading

Fact Check: စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ အရှင်ဆန္ဒာဓိက တိုက်တွန်းနေသလား- မဟုတ်ပါ 

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲစာရင်းသွားရောက်စစ်ဆေးဖို့နဲ့ ဆန္ဒမဲပေးကြဖို့ အရှင်ဆန္ဒာဓိက တိုက်တွန်းမှုလို့ ဆိုလိုထားတဲ့ ဗွီဒီယို လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက ပြောကြားချက်ဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “နိုင်ငံသားတစ်ယောက်ဖြစ်နေပြီးတော့ မဲစာရင်း သွားမကြည့်ဘူး။ မဲမပေးဘူးဆိုရင် အဲဒါ “အကုသိုလ်”ပဲ။ မဲစာရင်းသွားကြည့်ပြီး မဲသွားပေးရင်တော့ “ကုသိုလ်” ပါပဲ” မူရင်းလင်ခ့် – Original link | Archive link တူညီစွာပဲ တစ်တော့(tiktok)မှာလည်း အခုလို မျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် အောက်တိုဘာ ၂၈ ရက်မှာ စတင် ပျံ့နှံ့ခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဗွီဒီယိုမှာ နေ့စွဲအဖြစ် ၂၀၂၅ […]

Continue Reading

Fact Check: စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက ရွေးကောက်ပွဲအတွက် ဇာတ်ကားရိုက်ကူးခိုင်းတဲ့ ညွှန်ကြားစာလား -မဟုတ်ပါ

“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ဆိုတဲ့ ရွေးကောက်ပွဲဝါဒဖြန့် ဗွီဒီယိုထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေနဲ့ ပတ်သက်ပြီး လူထုအကြားဝေဖန်မှု မြင့်တက်ခဲ့ပြီး‌နောက်မှာ စစ်တပ်က ဝေဖန်သူတွေကို အရေးယူမယ်လို့ ခြိမ်းခြောက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာပဲ ဒီမင်းသားမင်းသမီးတွေဟာ စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက နာမည်နဲ့တကွ သရုပ်ဆောင်ဖို့ အမိန့်ပေးလို့ လုပ်ရတယ်လို့ ဆိုပြီး အမိန့်စာတခု ပျံ့နှံ့လာခဲ့ပါတယ်။တကယ်တော့ အတုပြုလုပ်ချက်ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်တို့ ဗမာတိုင်းရင်သားတစု နေတိုးခြူးလေးတိုကိုပြောချင်ရင် ဒီစာကိုဖတ်ပြီးမှပြောပါ”ဆိုပြီး စစ်တပ်ပြန်ကြားရေးဝန်ကြီးရဲ့ ညွှန်ကြားချက်ဆိုတဲ့ စာကို “Aung Thein”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ Original link | Archive link တူညီတဲ့ ဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ အချက်အလက်စိစစ်ချက် “ခေတ်သမိုင်းကို […]

Continue Reading

Fact Check: စစ်တပ်က ကျင်းကမယ့် ရွေးကောက်ပွဲ NLD ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ဒေါ်အောင်ဆန်းစုကြည် ပြန်လာပြီ NLD ရွေးကောက်ပွဲ ဝင်ဖို့တရုတ် ခွင့်ပြုလိုက်ပြီ NLD အနိုင်ရဖို့ ပြည်သူတွေ ပြန်လည်ဦးမော့လာပြီဟေ့ တရားဝင်မှုရဖို့ NLD ကို မင်းအောင်လှိုင် လက်ခံလိုက်ရပြီ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်း မီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေရာတွေ့ရတယ်။ ဒီချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်အမည်နာမနဲ့ အမှတ်တံဆိပ်တွေကိုလည်း တုပထားတာတွေ့ရ တယ်။ အခုလည်း […]

Continue Reading

Fact Check: အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ NLD ကို စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ သတင်းတု

အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို စစ်ခေါင်းဆောင် ဖိတ်ခေါ်လိုက်တယ်ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုတခုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “စစ်ခေါင်းဆောင် လေသံပြောင်းပြီ NLDကို ‌ရွေးကောက်ပွဲပြိုင်ဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ဆက် သွယ်ဖိတ်ခေါ် အာဏာခွဲ့ဝေဖို့ပြောနေပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် […]

Continue Reading

Fact Check: ကုလလုံခြုံ‌ရေး‌ကောင်စီလက်မခံလို့ ရွေးကောက်ပွဲ စစ်တပ် ဖျက်သိမ်းတဲ့ သတင်းတု

ကုလသမဂ္ဂလုံခြုံ‌ရေး‌ကောင်စီလက်မခံလို့ နှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို စစ်တပ်ကဖျက်သိမ်းလိုက် တယ်ဆိုပြီးဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရှိထားတယ်။  “ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ရပြီ လုံခြုံရေးကောင်စီလက်မခံလို့ ဖျက်သိမ်းခံရဟု  ဇော်မင်းထွန်းဝန်ခံ၊ စစ်ကောင်စီအရှိုက်ထိနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ မြန်မာစစ်တပ်က ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ အကြောင်းသာ‌တွေ့ရပြီး အပိုင်းလိုက် […]

Continue Reading

Fact Check: စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရုတ်လက်မခံဆိုတဲ့ သတင်းတု 

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရုတ်လက်မခံဘူးဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “တရုတ် အကြပ်ကိုင်လိုက်ပြီ တရုတ်သံရုံး စစ်တပ်က မောင်းထုတ် ဒေါ်အောင်ဆန်းစုကြည်ပါမှ ရွေးကောက်ပွဲလက်ခံမည် စစ်တပ်ရွေးကောက်ပွဲလက်မခံဟု တရုတ်က အပြတ်ပြော” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းကြည်မပါတဲ့ စစ်တပ်က ကျင်းပမယ်လို့ ကြွေးကြော်ထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရုတ်က လက်မခံဘူးလို့ ပြောတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Mandalay Khitthit” အမည်နဲ့ ယူကျူချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ပတ်သက်ပြီး Fact […]

Continue Reading

Fact Check: တရုတ်ကကန့်ကွက်လို့ မြန်မာစစ်တပ်ကကျင်းပမယ့်ရွေး‌ကောက်ပွဲ ရွှေ့ဆိုင်းဆိုတဲ့ သတင်းခေါင်းစဉ်တု

တရုတ်ကကန့်ကွက်တာကြောင့် မြန်မာစစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲနောက်ဆုတ်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ရပြီ” စသည်ဖြင့်ရေးသားပြီး “A Sone Thi”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို Khit Thit Journal အမည်နဲ့ ယူကျူ့ချန်နယ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တရုတ်က ကန့်ကွက်လို့ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ရတယ်လို့ ရေးသားဖြန့်ဝေထားတဲ့ ၈ မိနစ်ကျော်ရှည် လျားတဲ့ ဗွီဒီယိုတစ်ခုလုံးမှာ တရုတ်ထိပ်တန်းခေါင်းဆောင်တွေဖြစ် ဝမ်ယိနဲ့ ဝန်ကြီးချုပ် လီခကျန် ဓာတ်ပုံတွေ အသုံးပြုထားတာကလွဲလို့ တရုတ်အကြောင်း၊ ရွေးကောက်ပွဲအကြောင်းတစ်စုံတစ်ရာမပါဝင်ပါဘူး။  ဗွီဒီယိုတစ်ခုလုံးဟာ မီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ […]

Continue Reading