Fact Check: ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာဆိုတဲ့သတင်းမှား

အာဏာသိမ်း ၃ နှစ်ပြည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာ တယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။  “အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်တဲ့ဗျို့”လို့ ရေးသားပြီး “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း “၁၀ရက်နေ့ အ‌ရေးပေါ်သတင်း ရွေးကောက်ပွဲကြောင့် ကြေညာပြီ Feb 1 ရက်နေ့ ရွေးကောက်ပွဲကျင်းမည်”လို့ ရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ မှာ ရွေးကောက်ပွဲမှာ မဲစာရင်းဖောင်းပွမှုအကြောင်းပြပြီး စစ်တပ်က ၂၀၀၈ အခြေခံ ဉပဒေနဲ့ မညီပေမဲ့ အာဏာသိမ်းခဲ့ပါတယ်။ […]

Continue Reading