Fact Check: ရှမ်းမြောက်ပိုင်း ကျောက်မဲကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုဓာတ်ပုံလား-မဟုတ်ပါ
ရှမ်းမြောက်ပိုင်း ကျောက်မဲကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအဖြစ် ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ အောက်ပါကတော့ ဒီလိုရေးသားဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ဓာတ်ပုံ ဖြစ်တယ်။ “MNDAAကိုးကန်းခေါင်းဆောင်၊TNLAပလောင်စစ်ဦးစီးချုပ်နှင့် NUGကိုယ်စားလှယ်တို့ဧည့်ခန်းမဆောင်တွင်ကြိုဆိုရေးအခမ်းအနားစစ်ဆင်ရေးညှိနှိုင်းကွပ်ကဲမှုအထူးအစည်းအဝေးပြုလုပ်နေချိန်ည၉နာရီတိတိပေါင်(၁၀၀၀)ဗုံးကအခမ်းအနားနေရာအလယ်ဗဟိုတည့်တည့်ကျရောက်ပေါက်ကွဲခဲ့ရာ MNDAA+TNLA+PDF(၁၀၀)နီးပါးအစအနပျောက်(၁၅၀)ခန့်ဒဏ်ရာများရပြီးကယ်ပါယူပါတစာစာဖြင့်ကမ္ဘာပျက်နေကြကြောင်းသိရှိရပါသည်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်ထဲမှာ ရဲစခန်းတခု၊ စစ်စခန်းတခု ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ တိုက်ခိုက်ခံရစဉ်က ဓာတ်ပုံဖြစ်တာတွေ့ရတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ လွတ်လပ်တဲ့ အာရှအသံက အင်္ဂလိပ်ဘာသာနဲ့ သတင်းဖော်ပြချက် ဗွီဒီယိုထဲမှာ အခုလို စစ်တပ်က ကျောက်မဲမြို့ကို တိုက်ခိုက်မှုအဖြစ်ဖော်ပြထားတဲ့ တူညီတဲ့ မြင်ကွင်းဓာတ်ပုံတခုကို တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ် မတ် ၈ ရက်စွဲနဲ့ […]
Continue Reading