Fact Check: တရုတ်နှစ်ကူးပွဲတက်တဲ့ စစ်ခေါင်းဆောင် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရလို့ သေဆုံးတဲ့ သတင်းတု

တရုတ်နှစ်သစ်ကူး အခမ်းအနားတက်ရောက်လာတဲ့ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါအတွေကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ ဗိုလ်ချုပ်ကြီး ၁၅ ဦးနဲ့အတူ သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။  ဇန်နဝါရီ ၂၄ ရက်မှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့တဲ့ ဗွီဒီယို စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ၆ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁၇၀၀၀ ကျော်ရရှိထားတယ်။ “တရုတ်နှစ်သစ်ကူးအခမ်းအနားတက်ရောက်တဲ့ မအလ  သေပြီ ရန်ကုန်UGကြမ်းပြီ ရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်ခံရလို့ မအလအပါအဝင် စစ်ဗိုလ်ချုပ်ကြီး(၁၅)ဦး ထိခိုက်သေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ […]

Continue Reading

Fact Check: စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံး ၁၀၀ နဲ့ တိုက်ခိုက်မှု ဗိုလ်လောင်း ၇၀၀ သေဆုံးဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းမှား

မန္တလေးတိုင်း ပြင်ဦးလွင်က စစ်တက္ကသိုလ် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀၀ နဲ့ တိုက်ခိုက်ခံရပြီး ဗိုလ်လောင်း ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၁၄ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “မန္တလေး ပြင်ဦးလွင်က စစ်တက္ကသိုလ် (၁၀၇ မမ) ရှော့တိုက်ဒုံး (၁၀၀)လုံးနဲ့ တိုက်ခိုက်ခံရ ဗိုလ်လောင်း (၇၀၀)ကျော် ပွဲချင်းပြီးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: မန္တလေးနန်းတွင်း တိုက်ခိုက်မှုမှာ တိုင်းမှူးတမိသားစုလုံးသေဆုံးပြီး လေယာဉ် အစီး ၂၀ ပျက်စီးဆိုတဲ့ သတင်းတု 

မန္တလေးနန်းတွင်း တိုက်ခိုက်မှုမှာ တိုင်းမှူးမိသားစုသေဆုံးခဲ့ပြီး လေယာဉ်အစီး ၂၀ ပျက်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ ထိခိုက်သေဆုံးမှုအချို့ရှိပေမဲ့ ဘယ်သူဘယ်ဝါဆိုတာကို တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေကိုယ်တိုင် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မန္တလေးတိုင်း စစ်ဌာနချုပ် ဒုံး(၆)လုံးနဲ့ ပစ်ခပ်ခံရမှုမှာ တိုင်းမှူးတစ်မိသားစုလုံး ထိပြီး သေဆုံးတဲ့ လေယဉ်အစီး(၂၀)ပြာကျ၊ သွေးချောင်းစီးခဲ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် မန္တလေးနန်းတော်ထဲမှာ ရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြို့ပြပြောက်ကျားစစ်ဆင်ရေးအနေနဲ့ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ခဲ့တဲ့ အဖွဲ့က ထုတ်ပြန်ခဲ့ပြီး  […]

Continue Reading

Fact Check: ရန်ကုန်လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှု လေယာဉ် ၂ စီးပျက်စီးပြီး စစ်သား ၁၃ ဦးသေဆုံးတဲ့ သတင်းတု

ရန်ကုန်လေတပ်စခန်း ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ပစ်ခတ်မှု လေယာဉ် ၂ စီးပျက်စီး စစ်ကောင်စီတပ်က ၁၃ ဦးသေဆုံး တဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ရန်ကုန် လေတပ်စခန်းရှော့ဒုံး(၁၀)လုံးနဲ့ပစ်ဆော်လေယာဉ်(၂)စီးပျက်စီးကာစစ်ခွေး(၁၃)ကောင်သေဆုံး”စသည်ဖြင့် ရေးသားထားသလို ဗွီဒီယိုထဲမှာလည်း “ (၂၃) ရက်နေ့ မနက်ခင်းသတင်းထူး ရန်ကုန်လေတပ်စခန်း ရှော့ဒုံး (၁၀)လုံးနဲ့ ပစ်ဆော်လေယာဉ်(၂)စီးပျက်စီးကာစစ်ခွေး(၁၃)ကောင်သေဆုံး”လို့လည်းရေးသားထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်မီဒီယာမှာ မေ ၂၂ ရက်က ဖော်ပြခဲ့တဲ့ PDF နဲ့ စစ်ကောင်စီလက် အောက်ခံ တပ်တွေထိခိုက်မှုသတင်းတွေကို မျှ‌ဝေနေခြင်းဖြစ်တယ်။ […]

Continue Reading