Fact Check: အမေရိကန်လွှတ်တော်အမတ် Ted Cruz ကို အဆိုတော် Harry Styles ဖက်နမ်းနေတာလား- မဟုတ်ပါ

အများမြင်ကွင်းမှာ အမျိုးသားနှစ်ယောက်နမ်းရှုံ့နေတဲ့ဓာတ်ပုံတစ်နဲ့အတူ အဆိုတော်နဲ့ သရုပ်ဆောင် ဟာရီစတိုင်း (Harry Styles) ကအမေရိကန်အထက်လွှတ်တော်အမတ် တက်ဒ်ခရုဇ်(Ted Cruz)ကို ဖက်နမ်းတဲ့ပုံဆိုပြီး ပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ်ဟာ တက်ဒ်ခရုဇ် ဟာ မကြာသေးခင်က လိင်တူချစ်သူတွေကို ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီပို့စ်ဟာ သရော်ထားတဲ့ပို့စ်တစ်ခုသာ ဖြစ်ပြီး ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၅ ရက်မှာ ဟာရီစတိုင်းက သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား ရုံတင်ပြသတဲ့ ရုပ်ရှင် ပွဲတော်တစ်ခုမှာ သူနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် နစ်ခ်ခရိုလ်(Nick Kroll)ကို အနမ်းပေးနေတဲ့ပုံပဲဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ […]

Continue Reading