Fact Check: အမေရိကန်လွှတ်တော်အမတ် Ted Cruz ကို အဆိုတော် Harry Styles ဖက်နမ်းနေတာလား- မဟုတ်ပါ

Satire နိုင်ငံတကာ၊

အများမြင်ကွင်းမှာ အမျိုးသားနှစ်ယောက်နမ်းရှုံ့နေတဲ့ဓာတ်ပုံတစ်နဲ့အတူ အဆိုတော်နဲ့ သရုပ်ဆောင် ဟာရီစတိုင်း (Harry Styles) ကအမေရိကန်အထက်လွှတ်တော်အမတ် တက်ဒ်ခရုဇ်(Ted Cruz)ကို ဖက်နမ်းတဲ့ပုံဆိုပြီး ပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ်ဟာ တက်ဒ်ခရုဇ် ဟာ မကြာသေးခင်က လိင်တူချစ်သူတွေကို ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီပို့စ်ဟာ သရော်ထားတဲ့ပို့စ်တစ်ခုသာ ဖြစ်ပြီး ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၅ ရက်မှာ ဟာရီစတိုင်းက သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား ရုံတင်ပြသတဲ့ ရုပ်ရှင် ပွဲတော်တစ်ခုမှာ သူနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် နစ်ခ်ခရိုလ်(Nick Kroll)ကို အနမ်းပေးနေတဲ့ပုံပဲဖြစ်ပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ ပို့စ်အောက်က မှတ်ချက် တွေလေ့လာကြည့်ရာမှာ ဒီသရော်စာဟာ တစ်ချို့အတွက် နားလည်ဖို့ခက်ခဲနေတာတွေ့ရပါတယ်။ အချက်အလက် စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်က ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ “Don’t Worry Darling”ရုပ်ရှင်ကားပြရာမှာ ဒီပွဲကို တက်ရောက်လာတဲ့ ဟာရီစတိုင်းက သူနဲ့အတူဒီဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် နစ်ခ်ခရိုလ်ကို အနမ်းနဲ့နှုတ်ဆက်နေတဲ့ပုံဖြစ်ပါတယ်။ အမေရိကန် အွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ Buzzfeed ကတွစ်တာမှာပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဒီအနမ်းကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – BuzzfeedArchive link  

ထို့အပြင် Variety မီဒီယာလုပ်ငန်းရဲ့ ပူးတွဲအယ်ဒီတာချုပ်က ရာမင်ဆက်တူဒေး(Ramin Setoodeh)ကလည်း  သူတို့နှစ်ယောက်နမ်းနေတဲ့ ဗွီဒီယိုကိုဖော်ပြခဲ့တာတွေ့ရပါတယ်။ ၁၆ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုရဲ့ ၄ စက္ကန့်မှာ ဟာရီစတိုင်းက နစ်ခ်ခရိုလ်ကိုနမ်းလိုက်တာတွေ့ရပြီး စက္ကန့်အနည်းငယ်အကြာဖက်ထားခဲ့ပါတယ်။

“#DontWorryDarling အတွက် ပရိတ်သတ်ကဂုဏ်ပြုနေစဉ် Harry Styles သည် Nick Kroll ကိုနမ်းလိုက်ပါတယ်။”

သုံးသပ်ချက်

၂၀၁၅ ခုနှစ်မှာ သမိုင်းဝင်ဆုံးဖြတ်ချက်အနေနဲ့ “Obergefell v. Hodges” တို့ကို အမေရိကန်တရားရုံး လိင်တူလက်ထပ်ခွင့်ပေးခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အင်္ဂလိပ်လို အတိုခေါက်အားဖြင့် LGBTQ လို့ခေါ်တဲ့ လိင်စိတ်မှာသဘာဝနဲ့ဆန့်ကျင်ပြီး နေထိုင်လိုစိတ်ရှိတဲ့သူတွေတရားဝင်နေထိုင်နိုင်ရေးအတွက် အောင်ပွဲ တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်အထက်လွှတ်တော်အမတ် Ted Cruz က ဒီဆုံးဖြတ်ချက်ဟာ လုံဝမှားတယ်ဆိုပြီး ဇူလိုင်မှတ်ချက်ပေးထားတာရှိပါတယ်။ ဒီအတွက်အခုလို လှောင်ပြောင်ရေးသား တာကနေအခုလိုပျံ့နှံ့လာတာဖြစ်ပါတယ်။

Avatar

Title:Fact Check: အမေရိကန်လွှတ်တော်အမတ် Ted Cruz ကို အဆိုတော် Harry Styles ဖက်နမ်းနေတာလား- မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Satire


Leave a Reply

Your email address will not be published.