Fact Check: တွေ့ဆုံဆွေးနွေးမှုကို AA လက်မခံလို့ ရခိုင်လူမျိုးမှန်သမျှကို ရန်ကုန်က နှင်ထုတ်မယ်ဆိုတဲ့ သတင်းတု
တွေ့ဆုံဆွေးနွေးမှုကို AA လက်မခံလို့ ရခိုင်လူမျိုးမှန်သမျှကို စစ်ကောင်စီ ရန်ကုန်က နှင်ထုတ်မယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။ ဒီဇင်ဘာ ၁၅ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “ထွန်းမြတ်နိုင်က ဆွေးနွေးဖို့ လက်မခံလို့ ရန်ကုန်က ရခိုင်လူမျိုး မှန်သမျှ နှင်ထုတ်ဖို့ အမိန့်ချလို့လန့်ကုန်ပြီ(ရုပ်/သံ)” မူရင်းလင်ခ့် – Youtube link | Archive link ၂ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာတော့ ရခိုင်တွေကို သတ်ဖို့လုပ်နေပြီလို့ဆိုထားပါတယ်။ အချက်အလက်စိစစ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းတွေ ဒါမှမဟုတ် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီယူကျူ့ချန်နယ်နဲ့ […]
Continue Reading