Fact Check: ဒီဇင်ဘာ ၁၁ One Championship ပွဲမှာ အောင်လအန်ဆန် ပါဝင် ထိုးသတ်မယ်လို့ သတင်းမှားဖြန့်
ဒီဇင်ဘာ ၁၁ ရက်မှာ အောင်လအန်ဆန်နဲ့ ဂျိုနသန်ဟတ်ဂရီတို့ ယှဉ်ပြိုင်ထိုးသတ်မယ်ဆိုပြီးတော့ ပို့စ်တစ်ခု မျှဝေထားတာရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ စင်ကာပူမှာ ဒီဇင်ဘာ ၁၁ ရက်မှာ One Championship ရဲ့ BIG BANG II ရဲ့ အဓိကပြိုင်ဘက်တွဲများအဖြစ် အောင်လအန်ဆန်(Aung La N Sang)နဲ့ ဂျိုနသန်ဟတ်ဂရီ(Jonathan Haggerty)တို့ ထိုးသတ်မှာဖြစ်တယ် ဆိုပြီးတော့ ကြော်ညာပုံနှင့်တကွ မျှဝေထားတာဖြစ်ပါတယ်။ One Championship ပြိုင်ပွဲရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ရှာဖွေရာမှာ ဒီဇင်ဘာ ၁၁ ရက်ထိုးသတ်မယ့် လက်ဝှေ့ပွဲမှာ အောင်လအန်ဆန်မပါဝင်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီဇင်ဘာ ၂ ရက်ကလည်း […]
Continue Reading