Fact Check: ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ကြိမ်ဆက်တိုက် ဖောက်ခွဲခံရဆိုတဲ့ သတင်းခေါင်းစဉ်တု
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ကြိမ်ဆက်တိုက် ဖောက်ခွဲခံရမှုဆိုပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုပို့စ် တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ အောက်ပါကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်လေဆိပ်ဗုံးပေါက်ကွဲမှုအကြောင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်း ဖော်ပြ ချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းတွေကိုခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ အခု ဒီဗွီဒီယိုပါသတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် မှာတွေ့နိုင်ပါတယ်။ သတင်းတင်ဆက်မှုထဲမှာ “ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်(ပန်ဆိုင်းမြို့) တို့ကို လက်လွှတ်လိုက်ရပြီဟု စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ ဇော်မင်းထွန်း ဝန်ခံ”၊ “၁၀၂၇ စစ်ဆင်ရေး၏ […]
Continue Reading