Fact Check: ကားပေါ်မတက်ဘဲ ချော်ထွက်သွားတဲ့ သမ္မတထရမ့်ရဲ့ ဗွီဒီယိုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

လေယာဉ်ပေါ်က အဆင်းမှာ စောင့်ဆိုင်းနေတဲ့ ကားပေါ်ကို တန်းမတက်ဘဲ ချော်ထွက်သွားတဲ့ သမ္မတထရမ့်ရဲ့ ဗွီဒီယိုဟာ သူ့ရဲ့ လက်ရှိကျန်းမာရေးပြဿနာကို ပြသနေတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။   နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ဗွီဒီယိုဟာ ပထမ သမ္မတ သက်တမ်းအတွင်းက ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “လေယာဉ်ပေါ်ကဆင်းပြီး ကားပေါ်မတက်ပဲ ဦးတည်ရာမဲ့ လျှောက်သွားနေလို့ Secret Service က သတိပေးနေရတဲ့ Video ပေါ်ထွက် လာပြီးနောက် Trump ရဲ့ ကျန်းမာရေးအခြေအနေကို မေးခွန်းထုတ်မှုတွေ ပိုများလာခဲ့ပါတယ်။” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ […]

Continue Reading

Fact Check: မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းပစ်ခတ်ဆိုတဲ့ သတင်းတု 

နယ်မြေကျူးကျော်လာလို့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းဘက်က ပစ်ခတ်လိုက်တယ်လို့ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် သတင်းဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “စစ်တပ်လေယာဉ် ထိုင်းပစ်ခတ် နယ်မြေကျူးကျော်လို့ အကြမ်းက်စစ်တပ်လေယာဉ် ထိုင်းပစ်မိန့် ကြေညာ၊ အိမ်နီးချင်း မပီသဟု မင်းအောင်လှိုင် ဒေါကန်နေ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်နဲ့ အမှတ်တံဆိပ်ကို တုပသုံးစွဲပြီး ဒီမီဒီယာအပါအဝင် တခြား သတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး […]

Continue Reading

Fact Check: အိန္ဒိယကို တိုက်ခိုက်ဖို့ ပျံတက်စဉ် ပါကစ္စတန်လေယာဉ် ပျက်ကျမှု ဗွီဒီယိုလား-မဟုတ်ပါ 

ပါကစ္စတန်က လေယာဉ်ကွင်းတစ်ခုမှာ အိန္ဒိယအပေါ် တိုက်ခိုက်ရေးပြသဖို့ လေယာဉ် ၂ စင်း အတူယှဉ်ပြိုင် တက်လာရာကနေ တစီးဟာ ချို့ယွင်းမှုဖြစ်ပေါ်ပြီး ပျက်ကျခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ  ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ အိန္ဒိယ-ပါကစ္စတန် စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ဒီဗွီဒီယိုဟာ စတင်ပျံ့နှံ့လာတာဖြစ်တယ်။ ဒါပေမဲ့ မှားယွင်းပြောဆိုချက်ဖြစ်ပြီး ဒီဗွီဒီယိုဟာ အနည်းဆုံး ဆယ်စုနှစ်တခု ကြာမြင့်ခဲ့ပြီဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  တူညီစွာ  ပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ပါကစ္စတန်က လေယာဉ်ကွင်းတစ်ခုမှာ အိန္ဒိယအပေါ် တိုက်ခိုက်ရေးပြသရန်အတွက် ‌ေလယာဥ် ၂’စင်း အတူယှဉ်ပြိုင် တက်လာရာကနေ နောက်က တစ်စင်းက ကံဆိုးသွား ပါတယ် မေလ […]

Continue Reading

Fact Check: Pan American လေယာဉ်အမှတ် ၉၁၄ ဟာ ၃၇ နှစ်ကြာပျောက်ဆုံးပြီ ပြန်ပေါ်လာခဲ့တယ်ဆိုတာ တကယ်လား-မဟုတ်ပါ

Pan American လေကြောင်းလိုင်းက လေယာဉ်အမှတ် ၉၁၄ ဟာ ၃၇ နှစ်ကြာပျောက်ဆုံးပြီနောက် ပြန်ပေါ် လာခဲ့တယ်ဆိုပြီး ဖြန့်ချိနေတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ တကယ်တော့ သတင်းတုတခုသာဖြစ်တယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း ၇၀၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေမှုပေါင်း ၁၀၀၀ ဝန်းကျင်ရရှိ ထားပြီးဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဒီဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်တယ်။   “နှစ်ပေါင်း(၃၇)နှစ်ကြာမှ ပြန်လည် ဆင်းသက်လာခဲ့တဲ့ အမေရိကန်လေယာဉ်” မူရင်းလင်ခ့် – Facebook link | Archive link အချက်အလက်စိစစ်ချက် အမေရိကန် ပုံနှိပ်အခြေစိုက် အဝါရောင်သတင်းစာ ဖြစ်တဲ့ Weekly World News […]

Continue Reading

Fact Check: ‌လေယာဉ်ရှိနေပြီလို့ NUG သမ္မတကြေညာတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အနေနဲ့ လေယာဉ်တွေရှိနေပြီလို့ NUG သမ္မတက ကြေညာတယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းမှာတခုသာ ဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂၂ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။  “NUG လေကြောင်းရလို့ ဗိုလ်ချုပ်တွေ လန့်ကုန်ပြီ လေယဉ် ရပြီဟု NUG သမ္မတကြေငြာ ဒီအတိုင်းဆို မြန်မာစစ်တပ် ၁လမခံတောဘူးဟေ့“ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေဟာ ဒရုန်းကို အသုံးပြု တိုက်ခိုက်ကြတာများပြားပြီး ဒရုန်းသုံးစွဲမှုနဲ့ပတ်သက်ပြီး ယုံမှားစရာမရှိပေမဲ့ လေယာဉ်ပိုင်ဆိုင်နေပြီဆိုတဲ့ […]

Continue Reading

Fact Check: စစ်တိုက်လေယာဉ် ၂ စီးတိုက်မိလို့ ၃၆ ဦးသေဆုံးဆိုတဲ့ သတင်းတု

စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု  ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယာဉ်ပျက်ကျ(၃၆)ဦးသေဆုံး စစ်တိုက်လေယာဉ်(၂)စီး အချင်းချင်း တိုက်မိလို့ ၂ စီးလုံး ပျက်ကျပြီး ၃၆ ဦးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုအကြောင်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် သို့မဟုတ် သတင်းခေါင်းစဉ်လွဲတပ်ကာ […]

Continue Reading

Fact Check: မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ ပစ်ချခံရမှု သတင်းတု

မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ KNU နဲ့ ထိုင်းက ပစ်ချလိုက်တယ်လို့ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ မျှဝေထားပြီး ပျံ့နှံ့မှုလည်း အားကောင်းလျက်ရှိတယ်။ တချို့သော ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေမှာ ထိုင်းလေတပ်က မြန်မာစစ်တပ် တိုက်လေယာဉ်တွေကို ပစ်ချလိုက်တယ်၊ ထိုင်းက KNU ဘက်က ဝင်တိုက်နေပြီစသည့် လည်းဖော်ပြထားတယ်။ သတင်းတုသတင်းမှားတွေသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၉ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “ထိုင်းဝင်ကူနေပြီဟေ့ ရုရှားထုတ်ရဟတ်ယာဉ်ပစ်ချ တိုသ်းမှူးအဆင့်လိုက်ပါပြီးမြဝတီကိုလာတာ ထိုင်းလေကြောင်းအဖွဲ့ကပစ်ချလိုက်တာ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link […]

Continue Reading

Fact Check: MIG-29 တိုက်လေယာဉ် ၄ စီးပစ်ချခံရတဲ့ သတင်းတု

 MIG-29 တိုက်လေယာဉ် ၄ စီးပစ်ချခံရလို့ စစ်ခေါင်းဆောင် ဒေါသထွက်ပြီး ပေါက်ကွဲပြီး လေယာဉ်မှူးတွေကို ပါးရိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၄ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိထားတယ်။  “MIG-29 တိုက်လေယာဉ် ၄စီးပစ်ချ မင်းအောင်လှိုင် ဒေါသထွက်ပေါက်ကွဲနေ လေယာဉ်မှုးတွေကိုခေါ်ယူစစ်ဆေးပါးရိုက်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: လိုင်ဇာအနီးက ဆုတ်ခွာလာတဲ့ စစ်သား ၅၀၀ လေယာဉ်နဲ့ ‌ဗုံးကြဲခံရဆိုတဲ့ သတင်းတု

လိုင်ဇာအနီးက ဆုတ်ခွာလာတဲ့ စစ်ကောင်စီ စစ်သား ၅၀၀ လေယာဉ်နဲ့ ဗုံးမှားကြဲမိလို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “လေယာဉ်နဲ့ဗုံးမှားကျဲပြီဟေ့  လိုင်ဇာအနီးစစ်စခန်းများမှဆုတ်ခွာလာတဲ့စစ်ခွေး(၅၀၀) လေယာဉ်နဲ့ဗုံးမှားကျဲမိပြီးအစုပြုံလိုက်သေကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ရှိတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။ Fact Crescendo […]

Continue Reading

Fact Check: လေယာဉ်တွေပစ်မချဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းတောင်းပန်တဲ့ သတင်းတု

တန်ကြေးကြီးလို့ လေယာဉ်တွေကို ပစ်မချဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းပန်လိုက် တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သရော်စာပို့စ်တခုသာဖြစ်တယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “တပ်မတော်ရဲ့ တိုက်လေယဥ်တွေကို ပစ်မချကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်း မေတ္တာရပ်ခံ.. 😁😁 “ကချင်မှာ ဒီကနေ့ လားရိူးလေတပ်ကနေ တက်သွားတဲ့ Mi35P တစီး ပစ်အချခံရတယ် ဆိုတာတော့ ကျတော်အနေနဲ့ အတိအကျ မသိရသေးပါဘူး။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ၊ ဒီလိုပဲ ဒေါ်လာစားမီဒီယာတွေက တပျမတောျသိက်ခါကအြောငျ ကောလဟာလတွေ တမင်ရည်ရွယ်ချက် ရှိရှိ လွှင့်နေကြတာပဲ ဖြစ်ပါလိမ့်မယ်” ဟု့ စပြီး ပြောပါတယ်။ ဆက်လက်၍ “အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျ […]

Continue Reading