Fact Check: ဒီပဲယင်းလေကြောင်းတိုက်ခိုက်ခဲ့တဲ့ လေယာဉ်မှူးကို ဖမ်းဆီးပြီး ပစ်သတ် လိုက်တဲ့ သတင်းတု 

ဒီပဲယင်းမှာ အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုမှာ ကလေးအများ အပြား ထိခိုက်သေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ လေယာဉ်မှူးကို တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးရမိပြီး ‌သေဒဏ်ပေးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ မေ ၁၅ ရက်ကစတင်ဖြန့်ဝေလာပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၁ သိန်းကျော်ရရှိထားတယ်။  “ပြည်သူကို ဗုံးကြဲသတ်တဲ့ တရားခံကြီး ဇော်မင်းထင်‌ကျော် ကို အရှင်ဖမ်းပြီး ပြည်သူအားလုံးရှေ့မှာ ပစ်သတ်(ရုပ်/သံ)” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ရခိုင်ကို ဗုံးကြဲမယ့် လေယာဉ်မှူးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲရိုက်ထားတဲ့ ဓာတ်ပုံဆိုတဲ့ သတင်းမှား

၂၀၁၈ ခုနှစ်အတွင်းက ရခိုင်ကို ဗုံးကြဲမယ့် လေယာဉ်မှူးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲရိုက်ထားတဲ့ ဓာတ်ပုံဆိုပြီး ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုတခုဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ် ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “(2018 အမှတ်တရများ) ရခိုင်ကိုဗုံးသွားကြဲခါနီး တိုက်လေယဉ်မူးများကို အားပေးချီးကျူးစကားပြောရင်း အမှတ်တရပေါ့” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ စခရင်ရှော့ဓာတ်ပုံထဲကနဲ့ တူညီတဲ့ အခြားသော ဓာတ်ပုံတွေမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်စွဲပါဝင်ပြီး ယင်းအချိန်က အဓိကပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  သတင်းမှား ပျံ့နှံ့ခဲ့တဲ့ […]

Continue Reading