Fact Check: လေယာဉ်အစီး ၈၀ PDF ကိုယ်စား ဒေါက်တာဆာဆာလက်ခံတဲ့ သတင်းတု

လေယာဉ်အစီး ၈၀ PDF ကိုယ်စား ဒေါက်တာဆာဆာလက်ခံလိုက်တယ်ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြား ဖြန့်ဝေလျှက်ရှိပါတယ်။ သတင်းတုတခုသာဖြစ်တယ်။ စစ်ကောင်စီလက်အောက်ခံလေတပ်ရဲ့ အခမ်းအနားတခုက ဓာတ်ပုံကို ပြုပြင်ထားခြင်းဖြစ်တယ်။ အောက်ပါကတော့ ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယဉ်အစီး ၈၀ PDFအစားဆာဆာလက်ခံ”  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မြန်မာဘာသာနဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုလည်း ဓာတ်ပုံစာသားနေရာမှာ “လေယဉ်အစီး ၈၀ PDFအစားဆာဆာလက်ခံ” လို့ဆိုပြီးရေးသားထားပေမဲ့ မျှဝေထားတဲ့ လင့်ခ်ကို ဝင်ရောက်ဖတ်ရှူ့မယ်ဆိုရင် မသက်ဆိုင်တဲ့ အကြောင်းအရာတခုကို ရောက်ရှိသွား ပါတယ်။ သတင်းဓာတ်ပုံမှာဖော်ပြထားတဲ့ ဒေါက်တာဆာဆာ လေယာဉ်အစီး ၈၀ လက်ခံတဲ့အကြောင်းမဟုတ် သလို […]

Continue Reading

Fact Check: စစ်ကောင်စီတိုက်လေယာဉ် NUG ပစ်ချဆိုတဲ့သတင်းမှား

NUG ကလေယာဉ်ပစ်လို့ရတဲ့ လက်နက်အချို့ပိုင်ဆိုင်နေပြီလို့ကြေညာခဲ့ပြီးနောက်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ “မအလစောက်ကြွေးတောထူပြီ ရွာသားတွေကိုအားရလိုက်တာဗျ ၊စျေးအကြီးဆုံးအသန်မာဆုံးတိုက်လေယာဥ်တဲ့ဟေ့”လို့ ရေးသားပြီး “HT News” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် “၈စီးပစ်ချလိုက်ပြီ။NUGကြေငြာတာ၂ရက်မပြည့်သေး။ရေစကြိုမြို့အပိုင်သိမ်း။လေယဥ်၈စီးပလုံ ရုပ်/သံ”စသည်ဖြင့်ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကအောက်ပါအတိုင်းဖြန့်ဝေထားပါ တယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ဒီလိုမျိုး NUG လက်အောက်ခံ PDF တပ်တွေက ရဟတ် သို့မဟုတ် လေယာဉ်ကို ပစ်ချလိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။  ဗွီဒီယိုပါအကြောင်းအရာဟာလည်း လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ပစ်ချမှုနဲ့သက်ဆိုင်တဲ့အကြောင်း အရာမဟုတ်ပါဘူး။   ပထမဗွီဒီယို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေခဲ့တဲ့ အတွေးအမြင်live […]

Continue Reading

Fact Check: သိန္နီ PDF က လေယာဉ်ပစ်ချလိုက်တဲ့ဓာတ်ပုံတွေအဖြစ် သတင်းမှား ဆက်လက်ပျံ့နှံ့

သိန္နီ PDF ကလေယာဉ်ကိုပစ်ချလိုက်တဲ့ မြင်ကွင်းအဖြစ် ဓာတ်ပုံ၄ ပုံဟာဖေ့စ်ဘွတ်အသုံးပြုသူများအကြား ပျံ့နှံ့ခဲ့ပါတယ်။ သို့သော်ဓာတ်ပုံတွေက စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲမှုကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး အခြားသော ရဟတ်ယာဉ်ပျက်ကျပုံဟာ ဆီရီယားနိုင်ငံက ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။  “Breaking News : စစ်ကောင်စီ​၏တိုက်လေယာဉ်ကို သိန္နီ PDF က အမြောက်ဖြင့်ပစ်ချ  နိုဝင်ဘာ ၉၊ PDF Newsflash  စစ်ကောင်စီ၏ တိုက်လေယာဉ်ကို သိန္နီ PDF ​၏ အမြောက်ပစ်သမားက (၄) ချက်မြောက်မှာ ပစ်ချလိုက်နိုင်ကြောင်း ယနေ့ ည ၆ နာရီမှာ TN-PDF က ထုတ်ပြန်သည်  နယ်မြေအပြင်ဘက်ရောက်ရှိသွားသောကြောင့် အဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာလာပြီလို့ သိရပါတယ် အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိပါသည်  Update : လွှိုင်ဆမ်စစ်တောင်ထိပ်မှ အနောက်ဘက်သို့ ဤမြင်ကွင်းအား လက်ရှိမြင်တွေ့နိုင်သည်  […]

Continue Reading