Fact Check: ဒီဓာတ်ပုံက ၂၀၁၃ ခုနှစ်က ထိုင်းစစ်ကားတစ်စီး ဖောက်ခွဲဖျက်ဆီးခံရမှု ဓာတ်ပုံသာဖြစ်တယ်
လေးကော့ကော်မှာ စစ်ကားကို မိုင်းခွဲတိုက်ခိုက်ခံရပြီး တစ်စစီဖြစ်သွားတဲ့ဓာတ်ပုံဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ လမ်းမထက်မှာ ပြင်းထန်စွာပေါက်ကွဲပြီးနောက် ကားဘီးတွေသာကျန်ရစ်ပြီး တစ်စစီဖြစ်နေတဲ့ စစ်ကားတစ်စီးလို့ယူဆရတဲ့ မြင်ကွင်းပါဝင်ပါတယ်။ သို့သော် ဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံလျှက်ရှိတာတွေ့ရပြီး မြန်မာနိုင်ငံနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ မြန်မာနိုင်ငံအရှေ့တောင်ဘက်ပိုင်း ကရင်ပြည်နယ်ထဲက ထိုင်း-မြန်မာနယ်စပ်အနီး လေးကော့ကော်မြို့သစ်မှာ စစ်တပ်နဲ့ ကရင်လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေတာရှိပါတယ်။ ဒီလိုအခြေအနေမှာ ဒီဓာတ်ပုံက ပျံ့နှံ့လာခြင်းဖြစ်ပါတယ်။ “နွေဦး တော်လှန်ရေး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “မနေ့ ညနေက/ လေးကော့ကော်-အာရှလမ်းတွင်…. စခ-ခလရ(၂၇၅)မှ ကားကို ထိထိမိမိ မိုင်းဆွဲရာ မုန့်ဟင်းခါးများ တစစီ အရည်ပျော်သွား.. အသားစများ ရှာမရ..🤪 Dec-17″လို့ရေးသားထားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]
Continue Reading