Fact Check: မကွေးမှာ ဆန္ဒပြရင်း ပစ်ခတ်ခံရပြီး လက်ဖြတ်ခဲ့ရသူကို မုံရွာက ဗုံးလုပ်လို့ ပေါက်ကွဲပြီး လက်ပြတ်တဲ့လူငယ်အဖြစ်သတင်းမှားဖြန့်ဝေ

လက်တစ်ဖက်ချို့ယွင်းနေပြီး အခြားခြေထောက်တစ်ချောင်းမှာလည်း ပတ်တီးစည်းလျက် လူငယ်တစ်ယောက်ကို ဆေးရုံကုတင်တစ်ခုမှာ အစာခွံကျွေးနေတဲ့ဓာတ်ပုံနဲ့အတူ မုံရွာမှာ ညက လက်လုပ်မိုင်းလုပ်ရင် ပေါက်ကွဲပြီး လက်ပြတ်သွားတဲ့ လူငယ်တစ်ယောက်လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ ဒီလိုမျှဝေနေတာဟာ မှားယွင်းပါတယ်။ ဒီဓာတ်ပုံထဲက လူငယ်ဟာ မတ် ၂၇ ရက်က မကွေးမြို့မှာ ဆန္ဒပြရင် စစ်တပ်က ပစ်ခတ်တဲ့ ကျဉ်ဆံထိမှန်ပြီး လက်ဖြတ်လိုက်ရတဲ့ ကိုလျှံဖြိုးအောင်ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “မုံရွာ ညက လက်လုပ်မိုင်းစမ်းရင်း ပေါက်ကွဲ၍ လက်ပြတ်သွားသော Gz ယခု တပ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေပါသည်။ ထို့နောက်…… မုံရွာ ကံကောင်းပါစေ…. ။ crd”လို့ ရေးသားပြီး “Lion Min”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားပါတယ်။အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ […]

Continue Reading