Fact Check: မေလလယ်မှာ အကျဉ်းသား ၄၅၀၀ ထပ်လွှတ်မယ်လို့ စစ်ခေါင်းဆောင် ကြေညာဆိုတဲ့ နားလည်မှုလွဲစေနို်ငတဲ့သတင်း
မေ ၁၅ ရက်မှာ အကျဉ်းသား ၄၅၀၀ ထပ်လွှတ်မယ်လို့ စစ်ခေါင်းဆောင် ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ မေ ၃ ရက်က ၅၀၅(က)နဲ့တရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွှတ်ပေးတဲ့သတင်းကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ “မေလ (၁၅) ရက်နေ့မှာ အကျဉ်းသား (၄၅၀၀) ထပ်မံလွှတ်ပေးမယ်တဲ့ဟေ့”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာဖော်ပြထားသလို ဗွီဒီယိုထဲမှာ “(၄) ရက်နေ့ ဧရာမ လေသံကြီးပါလား မေလ (၁၅) ရက်နေ့မှာ အကျဉ်းသား (၄၅၀၀) ထပ်မံ လွှတ်ပေးမည်ဟု ကြွေးကြော်ပြန်”စသည့်ဖြင့်ရေးသားပြီး “Burma Voice Tv”အမည်နဲ့ ယူကျူ့အကောင့်မှာ မေ ၄ ရက်က မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | […]
Continue Reading