Fact Check: ဦးဖြိုးမင်းသိန်း မိသားစုဝင်တွေကို လှည်းကူး PDF က ခြိမ်းခြောက်ဆိုတဲ့ သတင်းတု
စစ်တပ်က ဖမ်းဆီးထားတဲ့ ဦးဖြိုးမင်းသိန်းရဲ့ မိသားစုဝင်တွေကို လှည်းကူး PDF က ခြိမ်းခြောက်တဲ့ စာဆိုပြီး တော့ လူမှုကွန်ယက်မှာ မျှဝေလျှက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ဦးဖြိုးမင်းသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိက္ခာကျအောင်လုပ်ခဲ့တဲ့အတွက် မိသားစုရဲ့ အသက်လုံခြုံမှုကို အာမခံဘူးလို့ ရေးသား ထားပါတယ်။ သို့သော် Hlegu Defence Force –Hlegu PDF အမည်နဲ့ စာမျက်နှာက ဒီစာဟာအတုဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ “ဒေါက်တာဆိတ်ဖွား”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက “လှည်းကူး နဲ့ ရန်ကုန် PDF များ ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက် အနှစ်ချုပ်”လို့ခေါင်းစဉ်တပ်ပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေမှာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive […]
Continue Reading