Fact Check: စစ်တပ်နဲ့ နီးစပ်တဲ့ သီတဂူဘုန်းကြီးနဲ့ ဝစီပိတ်ဘုန်းကြီး သေဆုံးမှု သတင်းတု

စစ်တပ်နဲ့ နီးစပ်တဲ့ သီတဂူဘုန်ကြီးနဲ့ ဝစီပိတ်ဘုန်းကြီး တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ခွေး ၁၈၀နဲ့ လုံခြုံရေး ပေးထားတဲ့ သီတဂူ  ဘုန်းကြီးကျောင်းကို ဗုံး ၁၆ လုံးကြဲ ဘုန်းကြီး ခြေတဖက် ပြန်သွားလို့ စစ်ရဟတ်ယာဉ်နဲ့ လာခေါ်သွား”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အလားတူစွာပဲ ဒီယူကျူ့ချန်နယ်က စစ်ခေါင်းဆောင်ကိုးကွယ်တဲ့ ဝစီပိတ်ဆရာတော်ကားကို လက်အောက်ခံ စစ်သားတွေက ပစ်ခတ်လို့ ဝစီပတ်ဘုန်ကြီးသေဆုံးခဲ့တယ်ဆိုပြီးတော့လည်း ဖြန့်ဝေခဲ့ပါသေးတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက်  သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ […]

Continue Reading