Fact Check: အောင်ဆန်းစုကြည်ကွယ်လွန် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ
ဒေါ်အောင်ဆန်းစုကြည်သေတာကို ပြည်သူတွေ ဆူကုန်မှာစိုးလို့ စစ်တပ်ကထုတ်မပြောခဲ့ပေမဲ့ Khit Thit သတင်းဌာနက ည ၆ နာရီ မှာ သဂြိုလ်လိုက်တယ်လို့ပြောမှသိရတယ်လို့ဆို ဗွီဒီယို သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။ သတင်းတုဖြန့်ချိမှုဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူမကိုထောက်ခံသူတွေက အမေစု၊ အမေလို့ တင်စားခေါ်ဝေါ် သုံးစွဲကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ဆိုပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာလည်း သတင်းအတုတွေ ပျံနှံခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထပ်မံဖြန့်ဝေလာတာဖြစ်ပါတယ်။ “ပြည်သူဆူကုန်မှာစိုးလို့အမေသေတာအခုမှသိရတယ် ၆နာရီတိတိမှာသဂြိုလ်လိုက်ပြီတဲ့။”လို့ရေးသားပြီး“B BO”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထား ပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေရာမှာ ၄ မိနစ်ကျော်ရှည်လျားတဲ့ […]
Continue Reading