Fact Check: ဖေဖော်ဝါရီ ၂၆ ရက်က ဆန္ဒပြဓာတ်ပုံတွေကို လက်ရှိအဖြစ်အပျက် အဖြစ်ပြန်လည်မျှဝေ

အဖြူရောင်လွှမ်းမိုးသောဝတ်စုံများနဲ့ လူအများအပြားတန်းစီလမ်းလျှောက်နေတဲ့ဓာတ်ပုံ ၃ ပုံနှင့်တကွ ယနေ့ မတ် ၂၅ ရက်မှာ အင်ဂျင်နီယာတွေ စုပေါင်းဆန္ဒပြပုံအဖြစ်ဖေ့စ်ဘွတ်အသုံးပြုထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားပါတယ်။ စစ်တပ်ကအာဏာရယူအပြီးမှာ နိုင်ငံအဝှမ်းမှာနေ့စဉ် ဆန္ဒပြလျက်ရှိပါတယ်။ သို့သော်လည်း မတ် ၂၅ ရက် အင်ဂျင်နီယာ စုပေါင်းသပိတ်စစ်ကြောင်းအဖြစ်ဖော်ပြနေတဲ့ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေပြီး  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။  “ယနေ့ ရန်ကုန်  (march -25) အင်ဂျင်နီယာ စုပေါင်း အင်အားစစ်ကြောင်း လူပင်လယ်ကြီး ချီတတ်လာကြပြီ  ____________________________________ ဝင်ဖတ်ရုံဆို သင်ပဲသိမယ်  ပြန်ရှယ်ရင် လူများများသိမယ် အကူအညီပေးရာရောက်မယ် သင့်သဘောပါ #WhatsHappeningInMyanmar #SACTerroristGroup #SupportCDM #SupportCRPH #JusticeForMyanmar #Mar25Coup #GenerationZ #နွေဦး ”လို့ […]

Continue Reading