Fact Check: အနုပညာရှင်တွေက iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေတယ်ဆိုတဲ့ လှည့်စားထားတဲ့ သတင်းမှား

မြန်မာနာမည်ကြီး အနုပညာရှင်တွေက ပဟေဠိအဖြေမှန်သူတွေကို iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေ တယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ လှည့်စားထားတဲ့ သတင်းမှားသာဖြစ်တယ် အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။အလားတူ မျှဝေမှုတွေကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ပရိတ်သတ်တွေအတွက် လက်ဆောင် ❤️❤️ iphone 14 pro max နှင့် $10,000 ငွေသားဆု။ [702] မှလွဲ၍ အခြားနံပါတ်တစ်ခုကို မှန်ကန်စွာ ခန့်မှန်းသူ 250 သည် $10,000 နှင့် iPhone 14 pro max ကို ရရှိမည်ဖြစ်သည်။” မူရင်းလင်ခ့် – Fb link | Archive link အလားတူ […]

Continue Reading

Fact Check: ရန်ကုန်ကဈေးဝယ်စင်တာမှာ စမတ်နာရီ ဝယ်နေပုံလား-မဟုတ်ပါ

ရန်ကုန်ကဈေးဝယ်စင်တာတခုမှာ MASAHIRO စမတ်နာရီကိုတိုးဝှေ့ဝယ်ယူရင်း မူးလဲကျခဲ့ရတယ်လို့ဆိုပြီး ဓာတ်ပုံအချို့နဲ့အတူ ဖေ့စ်ဘွတ်မှာ ကြော်ငြာရောင်းချနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ ဗီယက်နမ် နိုင်ငံကဖြစ်ပြီး မတူညီတဲ့အဖြစ်အပျက်တွေက ဓာတ်ပုံတွေကိုအသုံးပြုပြီး လိမ်လည်လှည့်စား ထားခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုပါစာသား ကောက်နုတ်ချက် ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံး အဆောက်အဦးတခုထဲမှာ MASAHIRO စာတန်းပါဆိုင်တခုရှေ့မှာ တန်းစီနေတဲ့ လူအုပ်စုပါ ဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံဖြစ်တယ်။ ဓာတ်ပုံဟာ  ၂၀၂၀ ခုနှစ် ဧပြီ ၂၈ ရက်မှာ ဒိန်းမတ်အခြေစိုက် လက်ဝတ်ရတနာလုပ်ငန်းစု Pandora က ၁၅ ခုမြောက်ဆိုင်ခွဲအဖြစ် […]

Continue Reading

Fact Check: ဆရာဝန် စာရေးဆရာ ဒေါက်တာခင်သစ်နှင်း ဓာတ်ပုံတွေလား-မဟုတ်ပါ

အက်စစ်နဲ့ပက်ပြီးလုပ်ကြံခံခဲ့ရလို့  မျက်နှာ ပျက်စီးသွားခဲ့ရတဲ့ ဆရာဝန် စာရေးဆရာမ ဒေါက်တာခင်သစ်နှင်းရဲ့ အဖြစ်အပျက်အဖြစ် ဓာတ်ပုံအချို့နဲ့အတူ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက် ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အက်စစ်နဲ့ အပက်ခံရလို့ မျက်နှာပျက်စီးခဲ့တဲ့ အမျိုးသမီးတယောက်ဓာတ်ပုံ၊ ဒီလို ထိခိုက်ခံစားရခြင်းမရှိခင်က ဓာတ်ပုံလို့ ဆိုနိုင်တဲ့ အမျိုးသမီးတယောက် ဓာတ်ပုံ၊ စာရေးဆရာမခင်သစ်နှင်းရဲ့ စာအုပ်မိတ်ဆက် ဓာတ်ပုံတို့လည်း ပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကောင်းလွန်းလို့ပြန်တင်တာပါ ကျနော်တို့မျက်ဝန်းထဲမှာ လှပနေဆဲပါ_ဒေါက်တာ ဒီဘဝနောက်ဆုံးဖြစ်ပါစေ…။ ဘဝ ရည်မှန်းချက်ကြီးမားခဲ့တဲ့ ဒေါက်တာ ခင်သစ်နှင်းဟာ ကလေးအထူးကု ဆရာဝန် ဖြစ်လုလု နှစ်လခန့် အလိုမှာ တခြား ဆရာဝန် မတယောက်က မျက်နှာကို အက်စစ်နဲ့ ပက်တာခံလိုက်ရပြီး အမြင် အာရုံ ကွယ်ပျောက် ရုံမက နဖူးရဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်ကြီး ၃၀၀ ကျော်ကို ကုလဖမ်းဆီးတဲ့ သတင်းခေါင်းစဉ်တု

စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်ကြီးတွေကို ကုလသမဂ္ဂဖမ်းဆီး၊ သတ်ဖြတ်တယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်ကြီး ၃၀၀ ကျော်ကို ကုလသမဂ္ဂဖမ်းဆီး၊ စစ်ဗိုလ်ချုပ် ၁၀၉ ဦးကို သေဒဏ်ချမှတ်၊ စစ်ထောက်ချုပ် ၉ ဦးကို ကုလသမဂ္ဂ ဖမ်းဆီးတဲ့ ဗွီဒီယိုတွေကို Share Local Media အမည်နဲ့ ယူကျူ့ချန်နယ်က ပြီးခဲ့တဲ့ရက်အနည်းက တင်ထားတာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေရဲ့ သတင်း ဖော်ပြချက်ကို ပြန်လည်ကူးယူပြီး အခုလို ပုံဖျက်ထားတဲ့ သတင်းခေါင်းစဉ်တုတွေတပ်ဖြန့်ဝေနေတဲ့ […]

Continue Reading

Fact Check: စစ်တပ်က ဖြုတ်ချလိုက်တဲ့ တိုင်းမှူး NUG နဲ့ ပူးပေါင်းတဲ့ သတင်းတု

စစ်တပ်ကဖြုတ်ချလိုက်တဲ့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)တိုင်းမှူးဟာ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)နဲ့ ပူးပေါင်းလိုက်တယ်ဆိုတဲ့  ဗွီဒီယိုပို့စ် ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “(၉) ရက်နေ့ နေ့လည် (၁)နာရီ အရေးပေါ် ရာထူးကဖြုတ်ခံရတဲ့  နမခတိုင်းမှူး NUG နဲ့ပူး‌ပေါင်းလိုက်ပြီ“စသည်ဖြင့်ရေးသားထားသလို “ရာထူးဖြုတ်ချခံရတဲ့ တိုင်းမှူး NUGနဲ့ပူးပေါင်းလိုက်ပြီ 9 Aug2023”စသည်ဖြင့်လည်း ဗွီဒီယိုပို့စ်မှာ ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း အလားတူဖြန့်ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတာ တွေ့ရပါတယ်။ ဒီလိုယူကျူ့ချန်နယ်တွေနဲ့ […]

Continue Reading

Fact Check: လူအယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးက လှူတန်းမယ်ဆိုတဲ့ သတင်းတု

လူအယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့က လှူမယ်လို့ဆိုထားတဲ့ live ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်က ဗွီဒီယိုဟောင်းတခုကို အသုံးပြုပြီး ပြန်လည်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ဓာတ်ပုံကတော့  ပျံ့နှံ့မှုအားကောင်းနေတဲ့ live ဗွီဒီယိုပို့စ်ကရယူထားခြင်း ဖြစ်ပါတယ်။  “ပုံထဲက နံပါတ်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းတဲ့ ကံထူးရှင် အယောက် ၁၀၀ ကို $20,000 နဲ့ iPhone 13 တစ်လုံးကို လှူဒါန်းသွားမှာဖြစ်ပါတယ်။”လို့ ရေးသားထားပြီး အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ရဲ့ နှစ်ယောက် ပြောဆိုနေတဲ့ ဗွီဒီယိုကို မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: ဝက်လက်မှာ ကုန်စိမ်းဈေးသည် ၇ ဦးကို PDF သတ်ဖြတ်တဲ့ သတင်းမှား

ဝက်လက်မှာ ကုန်စိမ်းဈေးသည် ၇ ဦးကို PDF ကသတ်ဖြတ်ခဲ့တယ်လို့ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြားဖြန့်ဝေနေတာတွေ့ရပါတယ်။   အောက်ပါစာသားကတော့ ဖြန့်ဝေနေတဲ့ စခရင်ရှော့ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ လွပ်လတ်တဲ့  မီဒီယာတွေမှာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်  သမရိုးကျေးရွာကနေ ရွှေပန်းကုန်းကျေးရွာဘက် ဟင်းသီးဟင်းရွက်ရောင်းဖို့ထွက်လာတဲ့ ထော်လာဂျီ ကားပေါ်က ကုန်စိမ်းစျေးသည် ၇ ဦးကို မြန်မာစစ်တပ်က ပစ်သတ်သွားတယ်လို့ ဖော်ပြကြပါတယ်။ ဘီဘီစီ မြန်မာပိုင်း၊ ရန်ကုန်ခေတ်သစ် သတင်းဌာန၊ မဇ္ဈိမသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်ကို  ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။  အောက်ပါ စခရင်ရှော့ကတော့ ဘီဘီစီ မြန်မာပိုင်းကဖော်ပြခဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ICCမှာ အဖမ်းခံရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံဆိုတဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ICCမှာ အဖမ်းခံရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံခဲ့တယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု အွန်လိုင်းမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “မင်းအောင်လှိုင် ICCမှာ ဖမ်းခံရကြောင်း ဇော်မင်းထွန်း ဝန်ခံ” တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့စာမျက်နှာတွေဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖော်ပြနေတဲ့ စာမျက်နှာတွေဖြစ်တယ်။ အခုလည်း ဗွီဒီယိုအစမှာ စစ်ခေါင်းဆောင်ကို ICC ကဖမ်းဆီးလိုက်ကြောင်း စစ်တပ်က ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံတယ်လို့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ကွင်းလုံးကျွတ်လွတ်လာပြီဆိုတဲ့ သတင်းတု

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၅ ရက်မှာ ကွင်းလုံးကျွတ်လွတ်လာပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဗမာ့ရုပ်မြင်သံကြား၏ ဇူလိုင်လ ၅ ရက်နေ့၊နံနက်၁၁နာရီအထူးသတင်း”ဆိုပြီးတော့ “၅ရက် လုံးထင် မထားဘူးဗျို့ ကွင်းလုံးကျွတ်လွတ်ပေးလိုက်ပြီ ၊ဒေါက်ဖိနပ်လျှောက်သံကြားရပြီ (အမေ )လာပြီ၊ ပန်းတွေခူးထားကြပါ” စသည့်ဖြင့်ရေးသားပြီး “Burmese Television “အမည်နဲ့ ယူကျူ့ချယ်နယ်ကနေ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ အလားတူ တူညီတဲ့မျှဝေမှုကိုလည်း ဒီနေရာ၊ ဒီနေရာ မှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် –Youtube Link ၊  Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ယနေ့မှာ ကွင်းလုံးကျွတ်လွတ်လာပြီဆိုတဲ့အကြောင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ ဒီအပြင် […]

Continue Reading

Fact Check: တပ်မ ၉၉ တပ်ရင်းလိုက် ကိုးကန့် MNDAA ထံအလင်းဝင်တဲ့ သတင်းတု

တပ်မ ၉၉ ကတပ်ရင်းလိုက် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့-MNDAA ထံအလင်းဝင်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းမှာပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တပ်မ ၉၉ က တပ်သားတယောက် အလင်းဝင်သွားတာကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “June 26, 2023 တပ်မ (၉၉) တပ်ရင်းလက်နက်ချအလင်းဝင်ကုန်ပြီဗျို့”လို့ ‌ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ မှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ဇွန်လ ၂၀ ရက်က စစ်ကောင်စီရဲ့တပ်မ ၉၉ တပ်ရင်း ၄၁၉ က တပ်သား သန်းထိုက် […]

Continue Reading