Fact Check: KNU ဆီက သိမ်းဆီးရမိတဲ့ လက်နက်တွေလား- မဟုတ်ပါ

စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေက  KNU တပ်မဟာ ၆ နယ်မြေက PDF စခန်းကို တိုက်ခိုက် သိမ်းပိုက်စဉ်မှာ လက်နက်တွေသိမ်းဆည်းရမိခဲ့ပြီး မုဒိန်းကျင်သတ်ဖြတ်ထားတဲ့ အလောင်း ရာဂဏန်း တွေ့ခဲ့ရတယ်လို့ ရေးသားပြီး ဓာတ်ပုံ ၃ ပုံနဲ့အတူ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတာတွေ့ရပါတယ်။  လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ စာသား ကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “KNU.တပ်မဟာ…၆ ယုတ်မာရက်စက်စက်မှု့တွေကို….နယ်မြေရှင်း တိုက်ခိုက်သုတ်သင်နေတဲ့  တပ်တွေ အဝင်မခံတာ ဒါကြောင့်ကိုး…. KNU.တပ်မဟာ ၆…သူတို့နယ်မြေထဲ စစ်ကြောင်း တပ်မတော်နဲ့ ကရင်မင်းသားBGFတပ်တွေရှာဖွေဖော်ထုတ်ခဲ့တယ် သိမ်းပိုက်မိတဲ့ လက်နက် ခဲယမ်းအသုံးအဆောင် ပစ္စည်းတွေအပြင် လူသတ်မုဒိမ်းကျင့်…. မြှုတ်နှံထားတဲ့ လူသေကျင်းတွေ အများကြီးကြီး တွေ့ရတယ်….ခန့်မှန်း အလောင်းအရေအတွက်..၅၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရ၏ တပ်မဟာ […]

Continue Reading

Fact Check: Non-CDM ဝန်ထမ်း ၆၀ ဖမ်းဆီးသတ်ဖြတ်ခံရဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု

Non-CDM ဝန်ထမ်း ၆၀ ဖမ်းဆီးသတ်ဖြတ်ခံရလို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုထဲမှာ Non-CDM ဝန်ထမ်း ၆၀ မေ ၂၄ ရက်က ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ရေးသားထားပါတယ်။ အောက်ပါ ဗွီဒီယိုကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ဖြစ်ပါတယ်။ တူညီတဲ့ဗွီဒီယိုကို ယူကျူ့ရဲ့  ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link  | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကပ်ထဲမှာ ဖြန့်ဝေထားသလို Non-CDM ဝန်ထမ်း ၆၀ ဖမ်းဆီးခံရတာ မှန်ပေမဲ့ သူတို့တွေကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာ တွေရဲ့ ‌ဖော်ပြချက်ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။  ပခုက္ကူ – ရေစကြိုလမ်းပိုင်းမှာ […]

Continue Reading