Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ‌စော်ကားတဲ့ ဒေါ်သက်သက်ခိုင် မီးရှို့အသတ်ခံရဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ‌စော်ကားတဲ့ ဒေါ်သက်သက်ခိုင် မီးရှို့အသတ်ခံရတယ်လို့ ဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတွေ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဗွီဒီယိုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှု‌ပေါင်း ၃. ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “အမေစု ကို စော်ကားတဲ့ သက်သက်ခံ မနေ့ည ၁ နာရီမှာ ရွှေနန်းတော် ဆိုင်နဲ့အတူ မီးရှို့အသတ်ခံရမှုကြီး” Original link | Archive link အချက်အလက်စိစစ်ချက် “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ ဒီချန်နယ်ဟာ သတင်းတချို့ကို ပုံဖျက် ပြောဆိုတာ၊ ချဲ့ကားပြောဆိုတာအပြင် လုပ်ကြံပြောဆိုမှုတွေလည်း ဖြန့်ဝေနေတာတွေ့ရတယ်။  […]

Continue Reading

Fact Check: စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ကို PDF တွေက လည်လှီးသတ်ဆို တဲ့ သတင်းတု

စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ရဲ့ ပျူစောထီးစခန်းကို  PDF တွေက သိမ်းပိုက်လိုက်ပြီး အရှင်ဖမ်းမိတဲ့ ပေါက်ကိုယ်တော်ကို လည်လှီးသတ်လိုက်တယ် လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၂၆ ရက်မှာ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “ပေါက်ကိုယ်တော်ရဲ့ ပျူစခန်း PDF တွေ ဝင်သိမ်း အရှင်ဖမ်းမိတဲ့ ပေါက်ဂတုံး လည်လှီးသတ်ခံရ ကျန်ဘောမတွေကြည့်ထား မင်းတို့အလှည့်လာမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြပြီး […]

Continue Reading