Fact Check: သမြားနီက ကင်ဆာနဲ့ အိပ်ချ်အိုင်ဗွီရောဂါတွေ ကုသနိုင်လား- အထောက်အထားမရှိပါ
သမြားနီ(Stemona curtissi)က ကင်ဆာအမျိုးမျိုးကို ကုသနိုင်ပြီး အိပ်ချ်အိုင်ဗွီ(HIV)ပျောက်ကင်းစေ နိုင်တယ်လို့ ဆိုထားတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ တကယ်တော့ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ တိကျတဲ့ အထောက်အထားမရှိပါဘူး။ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “သမြားနီ ပျောက်ကင်းသောရောဂါများကတော့ ခေါင်းမူးပြီးအသားအရေမမှန်ခြင်း သွေးကင်ဆာဖြစ်ခြင်း လည်ချောင်းကင်ဆာ ဂရင်ဂျီနာ လိပ်ခေါင်းသွေးကျရောဂါ အစာအိမ်ကင်ဆာ အမျိုးသမီးရောဂါအမျိုးမျိုတို့ကိုပျောက်ကင်းစေပါတယ် ခုခံအားကျဆင်းသည့်ရောဂါ HIVဘီပိုး စီပိုး ကူးစက်တက်တဲ့ပိုးရောဂါတွေလည်းပျောက်ကင်းပါသည် သမြားနီဆေးပင်ဖြင့် HIVရောဂါဝေဒနာရှင်များရှာဖွေပြီး ကုသပေးရာ ရာနှုန်းပြည့်ပျောက်ကင်းကြောင်းလေ့လာတွေ့ရှိရပါတယ်” Original link | Archive link အချက်အလက်စိစစ်ချက် မြန်မာလို သမြားနီလို့ ခေါ်တဲ့ သိပ္ပံအမည် Stemona ဟာ ဒီလိုပျံ့နှံ့နေတဲ့ […]
Continue Reading