Fact Check: AI နဲ့ ဖန်တီးထားတဲ့ သာကေတရဲစခန်း ဗုံးခွဲခံတဲ့ ဗွီဒီယို ပျံ့နှံ့
သာကေတရဲစခန်းကို မြို့ပြပျောက်ကျားအဖွဲ့တဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့အပြီးမှာ ရဲစခန်းရှေ့ ဗုံးကွဲမှု ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုတခု ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ တကယ်မှာ ဉာဏ်ရည်တု(AI) အသုံးပြု ဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ရွေးကောက်ပွဲအကြိုကာလ သာကေတ Video via ရဲအုပ်မင်းဒင်” Original link | Archive link အချက်အလက်စိစစ်ချက် နိုဝင်ဘာ ၁ ရက် ညပိုင်းမှာ သာကေတရဲစခန်းကို “မြို့ပြကြွက်”အမည်နဲ့ တော်လှန်ရေးအဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမီဒီယာတချို့မှာဖော်ပြပါတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ) ဒီလိုသတင်းဖော်ပြချက်တွေအပြီးမှာ သာကေတရဲစခန်းတိုက်ခိုက်ခံရမှု ဗွီဒီယိုထွက်ပေါ်လာတာဖြစ်ပြီး […]
Continue Reading
