Fact Check: ဘုန်းကြီး ၈ သောင်း စစ်မှုထမ်းရမယ်ဆိုတဲ့ သတင်းတု

သီတဂူဆရာတော်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပူးပေါင်းပြီး ဘုန်းကြီး ရှစ်သောင်းကို စစ်မှုထမ်းရမယ်လို့ ကြေညာလိုက်တယ်ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၂၃ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “သီတဂူနဲ့ မင်းအောင်လှိုင် ပူးပေါင်း ယုတ်မာပြီ ဘုန်းကြီး (၈)သောင်းကို စစ်မှုထမ်း ဖို့  အခုပဲ ကြေငြာလို့ ပွတ်လောရိုက်ကုန်ပြီ”(မူလအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသား […]

Continue Reading

Fact Check: စစ်တပ်နဲ့ နီးစပ်တဲ့ သီတဂူဘုန်းကြီးနဲ့ ဝစီပိတ်ဘုန်းကြီး သေဆုံးမှု သတင်းတု

စစ်တပ်နဲ့ နီးစပ်တဲ့ သီတဂူဘုန်ကြီးနဲ့ ဝစီပိတ်ဘုန်းကြီး တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ခွေး ၁၈၀နဲ့ လုံခြုံရေး ပေးထားတဲ့ သီတဂူ  ဘုန်းကြီးကျောင်းကို ဗုံး ၁၆ လုံးကြဲ ဘုန်းကြီး ခြေတဖက် ပြန်သွားလို့ စစ်ရဟတ်ယာဉ်နဲ့ လာခေါ်သွား”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အလားတူစွာပဲ ဒီယူကျူ့ချန်နယ်က စစ်ခေါင်းဆောင်ကိုးကွယ်တဲ့ ဝစီပိတ်ဆရာတော်ကားကို လက်အောက်ခံ စစ်သားတွေက ပစ်ခတ်လို့ ဝစီပတ်ဘုန်ကြီးသေဆုံးခဲ့တယ်ဆိုပြီးတော့လည်း ဖြန့်ဝေခဲ့ပါသေးတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက်  သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ […]

Continue Reading

Fact Check: သီတဂူဘုန်းကြီး အိပ်နေတုန်း ဗုံးနဲ့ထုခံရဆိုတဲ့ သတင်းခေါင်းစဉ်တု

သီတဂူဘုန်းကြီး အိပ်နေတုန်း ဗုံးနဲ့ထုခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာဟာ သတင်းတုသတင်းမှား တခုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါ စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “သီတဂူဘုန်းကြီးအိပ်နေတုန်း ဗုံးနဲ့ထုခံရ သေမှာဆိုးလို့ မအလ ပဲခူးဘုရား ပြေး” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သီတဂူဆရာတော် အိပ်နေတုန်း ဗုံးနဲ့လုပ်ကြံခံရတယ်ဆိုတဲ့ သတင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Naypudaw Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်း ခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတဲ့ သတင်းဌာနတခုဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါသတင်းတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ သီတဂူဆရာတော်တောင်းဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ သီတဂူဆရာတော်တောင်းဆိုလိုက်တယ် လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာဟာ သတင်းမှားသာဖြစ်တယ်။ သတင်းမီဒီယာ အချို့မှာဖော်ပြပါရှိပြီး သတင်းတွေကို ကူးယူဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “သီတဂူ ပြောရင် အားလုံးဖြစ်တယ် ဒေါ်စုနဲ့ သမ္မတကို လွှတ်ဖို့ ဿီတဂူပြော ခေတ်သစ်ကြေငြာပြီ” (မူရင်းအရေးအသား)။ ဗွီဒီယိုအစမှာ ပြသတဲ့ ဒီစာသားပါတဲ့ ရုပ်သေဓာတ်ပုံမှာ ရန်ကုန်ခေတ်သစ်မီဒီယာ အစီအစဉ်တင်ဆက်သူက သတင်းကြေညာနေတဲ့ ဓာတ်ပုံနဲ့တကွမျှဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ အခု ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာလည်း သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်း ဖြစ်တယ်။ ဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: NUG ရဲ့ တရုတ်နှစ်ကူးသဝဏ်လွှာကို သီတဂူဆရာတော်လုပ်ကြံခံရဟု သတင်းခေါင်းစဉ်တုတပ် ဖြန့်ဝေ

သီတဂူဆရာတော် ဒရုန်းနဲ့ လုပ်ကြံခံရပြီး ကျောင်းဆောင်အတွင်းမှာ သေပြီဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “သီတဂု ဆရာ်တော် ဒရုန်းနဲ့ လုပ်ကြံခံရပြီ(မူရင်းအရေးအသား)”လို့ ပို့စ်စာသားမှာရေးသားထားပြီး ဗွီဒီယို အစမှာပြသတဲ့ thumbnail ဓာတ်ပုံမှာတော့ “24 ရက်နေ့ သီတဂူဆရာတော် ဒရုန်းစာမိပြီ ကျောင်းဆောင် အတွင်းမှာ သေပြီ”လို့လည်း ရေးသာထားပါတယ်။ တကယ်တော့ ဗွီဒီယိုပါ အကြောင်းအရာဟာ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ တရုတ်နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။ “Top 2” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးစာမျက်နှာက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ […]

Continue Reading

Fact Check: သီတဂူဆရာတော်ရဲ့ “လ”ထွက်တဲ့ ဓာတ်ပုံဟာပြုပြင်ဖန်တီးထားခြင်း သာဖြစ်

သီတဂူဆရာတော်ကြီးရဲ့ နောက်ကျောက ထူးဆန်းစွာပေါ်နေတဲ့ “လ”တစ်စင်အကြောင်း သိပ္ပံ ပညာရှင်တွေ ကိုယ်တိုင် တအံ့တဩဖြစ်နေကြောင်း Time မဂ္ဂဇင်းက ဖော်ပြခဲ့တယ်ဆိုပြီးတော့ရေးသားထားတဲ့  ဓာတ်ပုံပို့စ် တစ်ခု ကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံရဲ့ အပေါ်ဖက်မှာ Time 100 လို့ရေးသား ထားသလို အောက်ခြေမှာ လထွက်ရမယ်အချိန်မဟုတ်ဘဲ သီတဂူဆရာတော်ရဲ့ နောက်ကျောမှာ လထွက်နေခြင်းအပေါ် သိပ္ပံပညာရှင်တွေ အဖြေမရှိဖြစ်နေလို့ အဓိပ္ပာယ်ရှိတဲ့ စာသားကို အင်္ဂလိဘာသာနဲ့ ရေးသား ထားပါတယ်။ သို့သော် ဓာတ်ပုံဟာ သီတဂူဆရာတော်ရဲ့ လူမှုကွန်ယက်စာမျက်နှာက ဓာတ်ပုံတစ်ပုံကိုပြုပြင်ဖန်တီးမျှဝေနေခြင်း ဖြစ်တာတွေ့ရပါတယ်။ “#လမင်းကြီးကတောင် ဦးခိုက်ရသတဲ့ #မြန်မာပြည်မှ ထင်ရှားကျော်ကြားသော  #သီတဂူဆရာတော်ကြီးအား ဓာတ်ပုံ #ရိုက်ယူနေချိန်တွင် မွန်းတည့်ချိန်၌  #ပေါ်လာစရာအကြောင်း လုံးဝမရှိသော “လ”သည် ဝိုင်းစက်လှပစွာ ပေါ်ထွန်းလာသည်ကို သိပ္ပံပညာရှင်များကပင် […]

Continue Reading