Fact Check: ရုရှားသွားစဉ် စစ်ခေါင်းဆောင် လေယာဉ်ပျက်ကျ သေဆုံးတဲ့ သတင်းတု

ရုရှားနိုင်ငံကို သွားရောက်စဉ် မြန်မာစစ်ခေါင်းဆောင်ရဲ့ လေယာဉ်ပျက်ကျ သေဆုံးမှုလို့ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ ‌ရေးသားဖြန့်ဝေမှု တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “မင်းအောင်လှိုင် ရဲ့ ရုရှားခရီးစဉ် လေယာဉ်ပျက်ကျလို့ သေပြီ သတင်းဌာနအားလုံးအတည်ပြုပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုပြောဆိုထားတဲ့ ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကိုကြည့်မယ်ဆိုရင် လုပ်ကြံရေးသား ဖြန့်ဝေတာတွေ လုပ်တာ၊ ဒါမှမဟုတ် သတင်းမီဒီယာတချို့က သတင်းတွေကို  သတင်းခေါင်းစဉ် တုတပ်ဖြန့်ချိတွေလုပ်ပါတယ်။ အခုလည်း “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က ဖော်ပြထားတဲ့ ဗွီဒီယိုထဲပါ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် မျောက်ကျောက်ရောဂါနဲ့ သေဆုံးတဲ့ သတင်းတု

စစ်ခေါင်းဆောင် မျောက်ကျောက်ရောဂါ ကူးစက်ခံရပြီး သေဆုံးသွားတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခု ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “ဖေဖော်ဝါရီ (၂၁)ရက်နေ့ အထူးသတင်းကောင်းလာပြီဟေ့ တနိုင်ငံလုံး အောင်ပွဲခံလို့ရပြီဟေ့ မျောက်ကျောက်ရောဂါနဲ့ မအလ သေပြီ(လုံးဝ)ဂျင်း မဟုတ်ဘူး ရန်ကုန်ခေတ်သစ်တရားဝင်ကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Burma Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်တဲ့နေရာတခုဖြစ်တာတွေ့ရတယ်။  အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖေဖော်ဝါရီ ၂၁ ရက်မှာပဲ ဖော်ပြခဲ့တဲ့ “နေပြည်တော်တွင် […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် မူးလဲသေဆုံးတဲ့ သတင်းတု

စစ်ခေါင်းဆောင် ရုတ်တရက် မူးလဲသေဆုံးသွားလို့ နေပြည်တော်မှာ ပွက်လောရိုက်နေပြီလို့ ဆိုတဲ့ ဗွီဒီယိုပို့စ် ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းတု တခုသာဖြစ်တယ်။   ဇန်နဝါရီ ၂၈ ရက်မှာ ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “ရုတ်တရက် မအလ မူးလဲသေဆုံးလို့ နေပြည်တော်မှာ ပွက်လောရိုက်ကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြတာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းရေးသားဖြန့်ဝေ တာတွေ ပြုလုပ်ပါတယ်။  ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို […]

Continue Reading

Fact Check: ရေဘီးလူခေါင်းဆောင် လုပ်ကြံခံရပြီး သေဆုံးမှု သတင်းမှား

ရေးမြိုနယ်မှာ အဓိကလှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ ခေါင်းဆောင် လုပ်ကြံခံရလို့ သေဆုံးတဲ့ ဓာတ်ပုံအဖြစ်  ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာနဲ့ စစ်တပ်ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုဒ်ရဲ့ ဒီနေရာမှာ တွေ့ရပါတယ်။  “ရေးဘီလူး(ခ) လှိုင်းဝင်း လုပ်ကြံခံရ  ရေးမြိုနယ်တွင်အဓိကလှုပ်ရှားနေသည့် အင်အား ၂၀၀ ခန့်ရှိ ရေးဘီလူးအဖွဲ ခေါင်းဆောင်သည် ယမန်နေ့က အမညျမသျိ လူသုံးဦး၏ လက်ချက်ဖြင့်သေဆုံးသွားကြောင်းသိရသည်။ စခန်းဒုခေါင်းဆောင်နှင့် လွန်ခဲ့သည့်တစ်ပတ်က အလှူငွေကိစ္စ စကားများကြရာက ယခုကဲသို လုပ်ကြံခြင်းဖြစ်နိုင်ကြောင်း တပ်ဖွဲဝင်များ က ဆိုသည်။ ၎င်းသေဆုံးခြင်းကို လျှိဝှက်ထားချင်သည့်အတွက် သတင်းကိုဖုံးဖိရန် အစပိုင်းက ကြိုးစားသော်လဲ ၎၏ အလောင်းပုံ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် အသက်မရှိတော့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့ သတင်းတု

နေအိမ်လေလံတင်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတယ်လို့ ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၉ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃ သိန်းကျော်ရှိထားတယ်။  “ ဗိုလ်ချုပ်ဇော်မင်းထွန်း အကုန်ဖွင့်ချပြီ  နေအိမ်လေလံတင်မှုအပြီး အမေစု အသက်မရှိတော့ဘူးလို့သတင်းထွက်လာပြီ  ပြည်သူဆူမှာစိုးလို့တဲ့၊ အမြန်ဖြန့်ပေးကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story(Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ် […]

Continue Reading

Fact Check: ဒီပဲယင်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၅၀၀ သေဆုံးတဲ့ သတင်းတု

ဒီပဲယင်းမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၀၀ သေဆုံးခဲ့တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ တိုက်ခိုက်ရေး လေယာဉ်ပုံတွေနဲ့ ပေါက်ကွဲမီးလောင်နေတဲ့ ဓာတ်ပုံတွေနဲ့ မတ် ၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “စိတ်ခိုင်ခိုင်ထားပြီး ကြည့်ကြပါ  ဒီပဲယင်းမြို့ သွေးချောင်းစီးပြီးလူ (၅၀၀)ကျော်သေ  ရုပ်/သံ လူမျိုးတုန်းသတ်နေလို့ UN သိအောင်ဖြန့်ပေးကြပါ  ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်ရာမှာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို လူစိတ်ဝင်စားမှုများနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ကာ လုပ်ကြံရေးသားဖြန့်ဝေနေတာ တွေ့ရပါတယ်။  အခု ဗွီဒီယိုမှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀၀ […]

Continue Reading

Fact Check: စစ်ကိုင်းမှာ စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှု ဗိုလ်ချုပ်ဇော်မင်းထွန်း သေဆုံးဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

စစ်ကိုင်းမှာ စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှု ဗိုလ်ချုပ်ဇော်မင်းထွန်း သေဆုံးတယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားပို့စ်တစ်ခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့  ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ဗိုလ်ချုပ် ဇော်မင်းထွန်း နာရေးသတင်း မဲလုံး မိုင်းခွဲ လုပ်ကြံခံရ သေပြီ ကျန်ဗိုလ်ချုပ်တွေလည်း ကြောက်ပြီး နှုတ်ထွက်ဖို့လုပ်နေကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုတွေပါသတင်းဟာ မဇ္ဈိမသတင်းဌာနကဖော်ပြခဲ့တဲ့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယ ဝန်ကြီး လိုက်ပါလာတဲ့ ယာဉ်တန်း စစ်ကိုင်းမှာ တိုက်ခိုက်ခံရတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။  မူရင်းသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီသတင်းထဲမှာ တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းမှာ ဗိုလ်ချုပ် […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သေဆုံးမှု သတင်းတု

အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင် သေပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ သတင်းတုတခုသာဖြစ်တယ်။ ၂၀၂၂ ခုနှစ်ထဲမှာ သထုံက စိုးဝင်းအမည်နဲ့ ပျူစောထီးခေါင်းဆောင် တယောက် သေဆုံးမှုသတင်းကို ခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖြန့်ဝေနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ပို့စ်တခုက ရယူထားခြင်း ဖြစ်တယ်။  “29ရက် မနက် 12နာရီ စိုးဝင်းသေပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် အ‌ကြောင်း အရာတွေနဲ့ လုပ်ကြံရေးသားချက်တွေကို ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။  Fact Crescendo Myanmar က ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ […]

Continue Reading

Fact Check: တပ်ချုပ်မင်းအောင်လှိုင် မူးလဲပြီးသေဆုံးတဲ့ သတင်းတု

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲသတင်းတွေနဲ့အတူ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လဲကျသေ ဆုံးခဲ့တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာဖြန့်ဝေနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။  အောက်ပါကတော့ ဒီလိုဆိုလိုထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုပို့စ်တခုရဲ့ စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်ပါတယ်။  “ရှမ်းမြောက်တွင် တင့်ကားကြီးနဲ့ အလင်းဝင်လာလို့ သိန်းတစ်သောင်းဆုချီးမြှင့်လိုက်ပြီ တပ်ချုပ်မင်းအောင်လှိုင် မူးလဲပြီးသေဆုံး” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်‌‌ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုဟာ  DVB TV news သတင်းဌာနရဲ့ ယူကျူ့မှာတင်ဆက်ခဲ့တဲ့  နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီ သတင်းတွေကို ပြန်လည်ကူးယူဖြန့်ချိနေခြင်းဖြစ်တယ်။ မူလဗွီဒီယိုကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုထဲမှာ “မြို့ ၃ မြို့ ကျသွားပြီဟု စစ်ကောင်စီဝန်ခံ”၊ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ရုတ်တရက်သေဆုံးကြောင်းထုတ်ပြန်ကြေညာတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(န.စ.က ဥက္ကဌ) ရုတ်တရက်သေဆုံးကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ထုတ်ပြန်ကြေညာတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၂၄)ရက်နေ့ နစက ဥက္ကဌ ရုတ်တရက်သေဆုံး ခုပဲ MWD သတင်းဌာန စိတ်မကောင်းစွာနဲ့ အတည်ပြုကြေညာ လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ သို့မဟုတ် ဗွီဒီယိုမှာ သတင်း‌ခေါင်းစဉ်တုတွေတပ်ပြီး ဖြန့်ဝေနေတာဖြစ်တယ်။ (အချက်အလက်စိစစ်မှုတွေကို ဒီမှာ ကြည့်ပါ။) အခု ဗွီဒီယိုထဲမှာလည်း စစ်ခေါင်းဆောင်သေဆုံးတဲ့အကြောင်းမပါဝင်သလို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ […]

Continue Reading