Fact Check: ဘူးလက်လှဆွေ ပစ်ခတ်ခံရပြီး သေဆုံးတဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ဗဟိုကော်မတီဝင် ဦးလှဆွေ(ဘူးလက်လှဆွေ) ပစ်ခတ် သတ်ဖြတ်ခံရတယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်းမှာ ကြည့်ရှု့မှုပေါင်း ၂၃၀၀၀ ကျော်ရရှိခဲ့တယ်။ “ဘူးလတ်လှဆွေ ပစ်ခတ်ရှင်းလင်း ခံရပြီဟေ့ – အာချောင်ချင်တာ ခုတော့ သေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “GZ သတင်းစုံ”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ နေရာဖြစ်တယ်။  အခုလည်း ဗွီဒီယိုအစနဲ့ ဗွီဒီယိုထဲမှာ စာသားနဲ့ ဘူးလက်လှဆွေ ပစ်ခတ်ခံရပြီး […]

Continue Reading

Fact Check: ဗိုလ်နဂါး သေပြီလား – အထောက်အထားမရှိပါ

စစ်ကောင်စီတပ်ဆီကို လက်နက်ချ အလင်းဝင်သွားတဲ့ ဗိုလ်နဂါးကို သေသွားပြီလို့ MRTV က ကြေညာတယ်ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရတယ်။ သတင်းတုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ‌အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၅ သိန်းကျော် ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရတယ်။  “ဗိုလ်နဂါး အလင်းဝင်မှ အသက် ‌သေရပြီ၊ ခုပဲ MRTV အတည်ပြုလို့ လန့်ကုန်ပြီ ၅ရက်တိတိ စစ်ကြောရေးမှာ ရိုက်သတ်ခံရ” Original link | Archive link အချက်အလက်စိစစ်ချက် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဒီသတင်း ဖော်ပြချက် မရှိပါဘူး။ MRTV […]

Continue Reading

Fact Check: စစ်ကောင်စီက ဖမ်းသွားတဲ့ ဒေါ်သက်သက်ခိုင် သေဆုံးဆိုတဲ့ သတင်းတု

စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ပြည်သူ့ဦးဆောင်ပါတီ(PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင် သေဆုံးသွားပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတုတွေသာဖြစ်တယ်။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပြောဆိုချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “ညက ဖမ်းခံထားရတဲ့ Pသုံး ဥက္ကဌ သက်သက်ခိုင် ကို စစ်ကောင်စီက ဒီနေ့ အလောင်းပဲ လာပို့လို့ လန့်ကုန်ပြီ”  Original link | Archive link အလားတူရေးသားဖြန့်ဝေမှုကို ဒီလင့်ခ်မှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် စစ်တပ်က သူတို့ခွင့်ပြုချက်မရှိဘဲ နိုင်ငံတခုက သံရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့အတွက် ပြည်သူ့ ရှေ့ဆောင်ပါတီ(PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို အဖမ်းခံရအပြီးမှာ သူ သေဆုံးသွားတဲ့အကြောင်းဖြစ်စေ စစ်တပ်က သူ့အလောင်းကို လာပို့တဲ့အကြောင်းဖြစ်စေ […]

Continue Reading

Fact Check: စစ်တပ်ဝါဒဖြန့်ရေးသမား ကျော်စိုးဦး အသတ်ခံရတဲ့ သတင်းတု

စစ်တပ်ဝါဒဖြန့်ရေးသမား ကျော်စိုးဦး ဖမ်းဆီးခံရတယ်၊ အသတ်ခံရတယ်ဆိုတဲ့ ပို့စ်နဲ့  ဗွီဒီယိုတွေ ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃ သိန်းဝန်းကျင်ရရှိထားတယ်။ ဒီချန်နယ်မှာပဲ အလားစွာ ထပ်မံမျှဝေထားတာကို ဒီလင့်ခ်မှာကြည့်ပါ။  “အသတ်ခံရမှာဆိုးလို့ နေပြည်တော် ကို  အပြေးလာတဲ့ ကျော်စိုးဦး လမ်းမှာပဲ အသတ်ခံရ” Original link | Archive link ဒီလိုပဲ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာမှာလည်း ကျော်စိုးဦးအဖမ်းခံရတဲ့ ဓာတ်ပုံဆိုပြီး မျှဝေထားတာတွေ့ရတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ […]

Continue Reading

Fact Check : တိုက်လေယာဉ် အစင်း ၂၀ ဖောက်ခွဲခံရပြီး ဒု-စစ်‌‌ခေါင်းဆောင် စိုးဝင်းလည်း သေဆုံးတဲ့ သတင်းတု

နေပြည်တော်မှာ တိုက်လေယာဉ် အစင်း ၂၀ ဖောက်ခွဲခံရပြီး ဒုတိယ စစ်‌‌ခေါင်းဆောင် စိုးဝင်းလည်း တိုက်ခိုက်ခံရပြီး သေဆုံးလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဗွီဒီယိုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။  “နေပြည်တော်မှာ အခြေအနေ ထိန်းလို့ မရတော့ဘူး လေယာဉ် အစီး (၂၀) ဖောက်ခွဲ ခံရပြီး ဒုတပ်ချုပ်စိုးဝင်း အသတ်ခံရလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသား ပြောဆိုချက်တွေနဲ့  သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် – သေဆုံးပြီလား၊ ကျန်းမာသလား၊ လူမြင်ကွင်းထွက်လာသလား

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီးကတည်း နေပြည်တော်မှာ စစ်တပ်က လျှို့ဝှက်ချုပ်နှောင်ထားခဲ့ပြီး လူမြင်ကွင်းကနေ ပျောက်ဆုံးနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေ၊ ပြန်လည်လွှတ်မြောက်လာပြီဆိုတဲ့ သတင်းမှားဖြန့်ဝေမှုတွေကို Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) အာဏာသိမ်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က လူမြင်ကွင်းကနေ ဖယ်ကျဉ်ထားပေမဲ့ လူထုအကြား သြဇာကြီးမားတဲ့ ခေါင်းဆောင်ဖြစ်လို့ သူ့အကြောင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းပါတယ်။  ဒီအတွက်လည်း သတင်းတုဖြန့်ဝေသူတွေအတွက် မကြာခဏရွေးချယ်စရာ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ Original link | Archive link ဒီချန်နယ်ကပဲ ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီလို့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖြန့်ဝေခဲ့ပါသေးတယ်။  Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ဒေါ်စုကို ခွေးနဲ့နှိုင်းတဲ့ ဗိုလ်ချုပ်‌ဇော်မင်းထွန်း အသတ်ခံရဆိုတဲ့ သတင်းတု

သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ခွေးနဲ့နှိုင်းတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း အဲဒီပွဲက အပြန်မှာပဲ အသတ်ခံရတယ်ဆိုပြီး ဗွီဒီယိုကို  ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ဖြန့်‌ဝေပြီး ၂၄ နာရီအတွင်းမှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၃ သိန်းကျော်ရရှိထားတယ်။ “ဗိုလ်ချုပ် ဇော်ပင်းထွန်း အသတ်ခံရ  ဒေါ်စု ကို ခွေးနဲ့ နှိုင်းခဲ့တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း  သတင်းစာ ရှင်းလင်းပွဲက အပြန်လမ်းမှာ အသတ်ခံရ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် မူးလဲကျပြီး သေဆုံးဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မူးလဲကျပြီး သေဆုံးမှုဆိုပြီး ဗွီဒီယိုကို  ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ရုပ်ရှင်ဆန်ဆန် မူးလဲပြီး သေဆုံး ခုမှ သိရလို့ တစ်ိုင်ငံလုံး ပြည်သူတွေ ထခုန်နေကြပြီ မင်းအောင်လှိုင် မူးလဲပြီး ဆေးရုံမှာ မသေမရှင်ဖြစ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလိုပြောဆိုဖြန့်ချိတာ၊ လုံဝ လုပ်ကြံပြောဆိုတာတွေပြုလုပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီဟု သားဖြစ်သူ ကြေညာတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီဟု သားဖြစ်သူ ကြေညာတယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့ ချန်နယ်တခုက မျှဝေထားရာမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “စိတ်ခိုင်ခိုင်ထားပြီးမှ အဆုံးထိကြည့်ပါ ယနေ့ အရေးပေါ် ဆေးကုသစဉ်မှာပဲ  အမေစု သေဆုံးပြီဟု သားဖြစ်သူကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Cele World”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိနေတာတွေ့ရတယ်။ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါပိုမိုဆိုးရွားစွာ ခံစားနေရပြီး  ဆရာဝန်နဲ့ ပြသခွင့်တောင်းဆိုပေမဲ့ မရတဲ့အကြောင်း၊ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရကြောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝရမရလည်း မသိရကြောင်း၊ အင်မတန် […]

Continue Reading

Fact Check: ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီ အသတ်ခံရတဲ့ သတင်းတု

ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီကို မရမ်းကုန်းမြို့နယ်မှာ ရန်ကုန် UG အဖွဲ့က အနီးကပ်လုပ်ကြံသတ်ဖြတ်လို့ သေဆုံးသွားတယ်လို့ ဆိုပြီး ဗွီဒီယိုယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၈၀၀၀၀ ဝန်းကျင်ရှိထားတယ်။ တူညီတဲ့ ပြောဆိုချက်ကို  ဒီနေရာမှာလည်း ဖြန့်ဝေထားတယ်။ “ကြံ့ဖွတ်ခင်ရီ အသက်ပေးလိုက်ရပြီ  မရမ်းကုန်းမြို့နယ်မှာ ရန်ကုန် UG တပ်ဖွဲ့မှ အနီးကပ် ပစ်သတ်၊ သွေးချောင်းစီးနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ဖြစ်စေ၊ […]

Continue Reading