Fact Check: ဒေါ်အောင်ဆန်းစုကြည် – သေဆုံးပြီလား၊ ကျန်းမာသလား၊ လူမြင်ကွင်းထွက်လာသလား
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီးကတည်း နေပြည်တော်မှာ စစ်တပ်က လျှို့ဝှက်ချုပ်နှောင်ထားခဲ့ပြီး လူမြင်ကွင်းကနေ ပျောက်ဆုံးနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေ၊ ပြန်လည်လွှတ်မြောက်လာပြီဆိုတဲ့ သတင်းမှားဖြန့်ဝေမှုတွေကို Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) အာဏာသိမ်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က လူမြင်ကွင်းကနေ ဖယ်ကျဉ်ထားပေမဲ့ လူထုအကြား သြဇာကြီးမားတဲ့ ခေါင်းဆောင်ဖြစ်လို့ သူ့အကြောင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းပါတယ်။ ဒီအတွက်လည်း သတင်းတုဖြန့်ဝေသူတွေအတွက် မကြာခဏရွေးချယ်စရာ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ Original link | Archive link ဒီချန်နယ်ကပဲ ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီလို့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖြန့်ဝေခဲ့ပါသေးတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် […]
Continue Reading
