Fact Check: စစ်တပ်ခန့် သမ္မတဦးမြင့်ဆွေ သေဆုံးမှု သတင်းတု

စစ်တပ်ခန့် သမ္မတဦးမြင့်ဆွေ သေဆုံးပြီလို့ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “စစ်ကောင်စီ သမ္မတ ဦးမြင့်ဆွေ နာရေးသတင်း သေဆုံး MRTV အတည်ပြုလိုက်ပြီ (ရုပ်/သံ) ပြည်သူ့ကြိမ်စာဆူးပြီး ဝ၌လည် သေဆုံးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြလေ့ရှိတဲ့ အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လူထုအကြား ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကိုပဲ ခေါင်းစဉ်လွဲ သို့မဟုတ် လိုအပ်သလို သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည် ဖြန့်ချိလေ့ရှိသလို တခါတရံမှာ လုပ်ကြံရေးသားချက်တွေချည်းလည်း […]

Continue Reading

Fact Check: လူရွှင်တော် ဝိုင်းကျော်နာရေး စစ်တပ်က ဗုံးကြဲဆိုတဲ့ သတင်းတု

စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူ လူရွှင်တော် ဝိုင်းကျော်ရဲ့ နာရေးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့  ပြည်သူ ၅၀ ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယို ပါစာသားကောက်နုတ်ချက် ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာလည်း လူရွှင်တော်ဝိုင်းကျော် နာရေးကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၅၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။ “လူရွှင်တော်ဝိုင်းကျော် နာရေးကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ကွယ်လွန်သူ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်သူ လူရွှင်တော် ဝိုင်းကျော်ရဲ့ နောက်ဆုံးခရီးကို မေ ၂၄ ရက် နေ့လယ် […]

Continue Reading