Fact Check: ‌သောကြာဂြိုဟ်ပေါ်က ဓာတ်ပုံတပုံအတွက် ဒေါ်လာ သန်း ၃၀၀ အသုံးပြုခဲ့သလား

ဆိုဗီယက်ယူနီယံရဲ့ သောကြာဂြိုဟ်လေ့လာရေးစီမံကိန်းက‌နေ ဂြိုဟ်ပေါ်ဆင်းသက်ရေးယာဉ်တွေထဲက ဂြိုဟ်ပေါ်ဆင်းသက်နိုင်ကာ ဓာတ်ပုံတွေရိုက်ကူးပြီး ပြန်လည်ပေးပို့နိုင်ခဲ့တာတွေကို  ပေါင်းစည်းထားပြီး မြင်ရတဲ့ မြင်ကွင်းဖြစ်တဲ့ ဓာတ်ပုံတပုံအတွက် အမေရိကန် ဒေါ်လာသန်း ၃၀၀ လောက်ကုန်ကျခဲ့တယ်လို့ ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းနေတယ်။ အချက်အလက်တချို့ဟာ မှန်ကန်ပေမဲ့ ဓာတ်ပုံဟာ အကြိမ်ကြိမ် ပြင်ဆင် တည်းဖြတ်ထားတဲ့ သရုပ်‌ဖော် ဓာတ်ပုံတပုံဖြစ်တယ်။ ဓာတ်ပုံအတွက် သန်း ၃၀၀ ကုန်ကျခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါ။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ဒီပုံတစ်ပုံရဖို့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကုန်ကျတယ်တဲ့။ ဒီပုံက ကမ္ဘာမြေပေါ်ကပုံ မဟုတ်ဘူး။ သောကြာဂြိုဟ်လို့ ခေါ်ကြတဲ့ Venus ဂြိုလ်ပေါ်ကပုံ” Original link […]

Continue Reading

Fact Check: သောကြာဂြိုဟ်နဲ့လနီးကပ်ခြင်းဆိုးကျိုးကြောင့် ကမ္ဘာပျက်စီးမယ့် သတင်းတု

သောကြာဂြိုဟ်နဲ့ လနီးကပ်ခြင်းဆိုးကျိုးကြောင့် ၂၀၂၃ ခုနှစ် ဇွန်လမှာ ကမ္ဘာ့ပျက်စီးသွားပြီး ရန်ကုန်လည်း ရေလွှမ်းမိုးပျက်စီးသွားမယ်လို့ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အား ကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသတင်းမှားဖြန့်ချိမှုဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုဖြစ်ပါတယ်။ ဒီလို ကမ္ဘာပျက်မယ့် အကြောင်းအရာဟာ အချိန်ခရီးသွားလို့ကျော်ကြားတဲ အီနွန်အဲလရစ်က ဟောကိန်းထုတ်ခဲ့တာဖြစ်တယ်လို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ စရင်ရှော့ဓာတ်ပုံထဲမှာမြင်ရတဲ့ အမျိုးသမီးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတာဝန်ရှိသူဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အမှတ်တံဆိပ်တွေ နောက်ခံမှာ မြင်နေရပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကလို့ ယူဆရပါတယ်။ “သောကြာဂြိုဟ်နဲ့ လ နီးကပ်မှု”ဆိုတဲ့အကြောင်းကို ဆန်းစစ်ကြည့်ရာမှာ မတ် ၂၄ ရက်ကစလို့ […]

Continue Reading