Fact Check: သောင်ရင်းတောင်းဆိုချက် ၁၀ ချက်ကို စစ်ကောင်စီသဘောတူပြီး နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ပြန်ခေါ်တဲ့ သတင်းတု

စစ်ကောင်စီက တော်လှန်ရေးအင်းအားစုတွေရဲ့ တောင်းဆိုချက် ၁၀ ချက်ကို သဘောတူလက်မှတ်ရေး ထိုးလိုက်ပြီးနောက် နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ပြန်နေပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ  ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “အချက် ၁၀ ချက် သဘောတူလိုက်ပြီ နိုင်ငံတစ်ဝန်းတပ်များအားလုံး နေပြည်တော်ပြန်နေပြီ စစ်ကောင်စီ လက်မှတ်ထိုးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်ကောင်စီက သောင်ရင်းသဘောတူညီချက်နဲ့ ပတ်သက်ပြီး သဘောတူလက်မှတ်ထိုး တယ်ဆိုတာ  ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ‌ဖော်ပြချက်မရှိပါဘူး။  ဒီလိုပဲ နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ကို ပြန်လာနေပြီဆိုတာလည်း သတင်းမှားသာဖြစ်တယ်။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay […]

Continue Reading