Fact Check: ရန်ကုန်နဲ့ မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သံဃာ သောင်းချီ ဆန္ဒပြတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ရန်ကုန်နဲ့ မန္တလေးမှာ သံဃာ သောင်းနဲ့ချီပြီး ဆန္ဒပြနေတယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။    “မနက်ထူးနေပြီဟေ့ ၈၈ ကလို လမ်းမပေါ် ဘုန်းကြီးတွေ ပြည့်နေပြီ ဒေါ်အောင်ဆန်းစုကြည် မလွှတ်ရင် ၈၈ကထက်ဆိုးမည် ရန်ကုန် မန္တလေး ဘုန်းကြီး သောင်းချီ ဆန္ဒပြ နေကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ဝေတာတွေ ပြုလုပ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  ရန်ကုန်နဲ့ မန္တလေးမှာ […]

Continue Reading

Fact Check: သံဃာတွေပါ စစ်မှုထမ်းရမယ်လို့ စစ်ခေါင်းဆောင်က အမိန့်ထုတ် လိုက်တယ်ဆိုတဲ့ သတင်းတု

သံဃာတွေပါ စစ်မှုထမ်းရမယ်လို့ စစ်ခေါင်းဆောင်က အမိန့်ထုတ်လိုက်တယ်ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “Breaking News သံဃာ(၅)သိန်းထိုးကျွေးပြီးဟေ့ စစ်ရှုံးနေတဲ့သမ္မတရူးမအလကြင်စိုး သီတဂူနဲ့လက်ဝါးချင်းရိုက်ပြီ  သံဃာတွေပါစစ်မှုထမ်းရမည် မအလ အမိန့်ထုတ်ပြီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ ထင်ယောင် ထင်မှားဖြစ်ဖွယ်သတင်းခေါင်းစဉ်တု တွေတပ်ဖြန့်ချိလေ့ရှိတာလည်းတွေ့ရတယ်။ “Khit Thit Televison”အမည်နဲ့ ယူကျူ့ချန်နယ်ရဲ့ သတင်းတုဖြန့်ဝေမှုတွေအကြောင်း အချက်အလက်စိစစ်ချက်တွေကို Fact Crescendo Myanmar ရဲ့ ဒီလင့်ခ်မှာကြည့်ပါ။  […]

Continue Reading