Fact Check: အမေရိကန်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန် မြင်ကွင်းလား-မဟုတ်ပါ
အမေရိကန်နိုင်ငံ ဝင်ရောက်ခဲ့တဲ့ တနာရီလေတိုက်နှုန်း ၂၁၅ မိုင်ရှိတဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန်မြင်ကွင်း ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ မုန်တိုင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေ ပြိုကျ၊ ကားတွေ လေစီးကြောင်းနဲ့ လွှင့်သွားတာ စတဲ့ မြင်ကွင်းတွေ အများစုပါဝင်တယ်။ ဒါပေမဲ့ ဒီဗွီဒီယိုဟာ အောက်တိုဘာ ၁၀ ရက်နေ့က အမေရိကန်ကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “USA.မုန်တိုင်းကြီး😨😰 ၂၁၅ မိုင်နှုံး ဖြင့်တိုက်ခပ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် မျှဝေထားတဲ့ ဗွီဒီယိုကို ဓာတ်ပုံအဖြစ်ပြောင်းလဲပြီး ပျံ့နှံ့ခဲ့ပုံကိုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုပါ မြင်ကွင်း တချို့ဟာ လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်ကတည်းက […]
Continue Reading