Fact Check: ပုသိမ်ဟာလဝါမှာ Spermatozoa ဘက်တီးရီးယားများတွေ့လို့ ရောင်းချခွင့်ပိတ်ပင်ဆိုတဲ့ သတင်းတု

 ပုသိမ်ဟာလဝါမုန့်များတွင် လူကိုအန္တရာယ်ဖြစ်စေတဲ့  Spermatozoa ဘက်တီးရီးယားများတွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကပ်ရေးဌာန(FDA)မှ ရောင်းချခွင့် ပိတ်ပင်သွားမယ်လို့ဆိုထား တဲ့ပို့စ်ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ပို့စ်တစ်ခုကဖြစ်ပါတယ်။ “Zaw Myo”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ပို့စ်ကို ဓာတ်ပုံအချို့နဲအတူ ဩဂုတ် ၆ ရက်ကမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်ရှိပါတယ်။  “ပုသိမ်ဟာလဝါမုန့်များတွင် လူကိုအန္တရယ်ဖြစ်စေသော ရောဂါပိုးများတွေ့ရှိရ၍ ရောင်းချခွင့်ပိတ်ပင်သွားမည်။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကပ်ရေးဌာန(FDA)မှ ပုသိမ်မြို့ရှိ ဟာလဝါ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး၍ ဓာတ်ခွဲစမ်းသပ်ရာ ဟာလဝါမုန့်များတွင် Spermatozoa ခေါ်  လူ၏ခန္ဓာကိုယ်အား ပြင်းထန်စွာထိခိုက်စေနိုင်သည့် ဘက်တီးရီးယားများ စစ်ဆေးတွေ့ရှိသဖြင့် ရောင်းချခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပုသိမ်ဟာလဝါအစား ကျန်းမာရေးနှင့်ညီညွတ်လတ်ဆတ်သော မန္တလေးထိုးမုန့်များကိုသာ ရောင်းချရန် ခရိုင်FDA မှ ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း […]

Continue Reading