Fact Check: တရုတ်နဲ့ ကမ္ဘောဒီးယားစေ့စပ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဆိုတဲ့ သတင်းတု

တရုတ်သမ္မတနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ စေ့စပ်ပေးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “တရုတ်သမ္မတနဲ့ ဝန်ကြီးချုပ်ဟွန်ဆန်စေ့စပ်မှု အမေစု ရာသက်ပန် လွှင်ခွင့်ရခဲ့ပြီ ကူညီပေးလို့ကျေးဇူးအထူးပါ၊ငါတို့နိုင်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်မှာ လုပ်ကြံသတင်းတွေဖော်ပြနေတာ တွေ့ရပါ တယ်။ သတင်းသတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  ဒီအပြင် အခု ဗွီဒီယိုအစမှပြသတဲ့ ရုပ်သေဓာတ်ပုံထဲမှာ တရုတ်သမ္မတနဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်စေ့စပ်မှုနဲ့ ‌ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီလို့ ဆိုထားပေမဲ့ ဗွီဒီယိုထဲမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရာထူးမှ အနားယူတဲ့အကြောင်းမျှဝေထားပါတယ်။ သူ့နုတ်ထွက်သူကို အားလုံးက သဘောတူတဲ့အကြောင်းနဲ့ တနိုင်ငံလုံးဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ သတင်းတု

ကုလသမဂ္ဂရဲ့ကြားဝင်မှု၊ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ တောင်းဆိုမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အခြားသော ယူကျူ့ ဗွိဒီယိုတခုမှာတော့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တောင်းဆိုမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က လွှတ်ပေးလိုက်ပြီလို့ဆိုထားတယ်။ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။   “မနက်ဖြန်မနက် UN တာဝန်ရှိသူတွေ လာမှာမို့  အမေစုကို ညတွင်းချင်း  လွှတ်ပေးလိုက်လို့ ကြိုနေကြပြီ အောင်ပွဲခံဖို့ မစောင့်နိုင်တော့ဘူးကွာ ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံအတွက် လက်သုံးချောင်းထောင်နေခြင်းလား-မဟုတ်ပါ

အနောက်တိုင်းဝတ်စုံဝတ်အသက်ကြီးပိုင်းအမျိုးသားတစ်ယောက် ဓာတ်ပုံနှင့်တကွ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်ဟာ မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်ပြီး လက်သုံးချောင်းထောင်နေပုံ အဖြစ် မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong ဖြစ်ပြီး လက်သုံးချောင်းထောင်တာကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ခြင်းမရှိတာတွေ့ရပါတယ်။ “ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်  မြန်မာပြည်သူနဲ့ ရပ်တည် 💗 ဝန်ကြီးချုပ် ကျန်းမာပါစေ 💗”လို့ရေးသားပြီး “ကိုစိုင်း မြတ်သူ”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၆ ရက်က မျှဝေရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၆ ရာရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading