Fact Check: မင်းမော်ကွန်းသတိပေးလိုက်လို့အကယ်ဒမီဆုပေးပွဲဖျက်သိမ်းလိုက်ရဆိုတဲ့ သတင်းတု
စစ်အာဏာသိမ်းဆန့်ကျင်ရေးသမားတစ်ဖြစ်လဲ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ခြိမ်းခြောက်မှုကြောင့် စစ်တပ်က လုပ်ဖို့လျာထားတဲ့ အကယ်ဒမီပေးပွဲဖျက်သိမ်းလိုက်ရတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုသာဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖြန့်ဝေမှုတစ်ခုရဲ့ ပုံဖြစ်ပါတယ်။ “မင်းမော်ကွန်းသတိပေးလိုက်လို့အကယ်ဒမီဆုပေးပွဲဖျက်သိမ်းလိုက်ရ”လို့ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ကြည့်ရှူ့မှုပေါင်း ၇ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ စစ်တပ်ထောက်ခံတဲ့ သတင်းသမားတစ်ယောက်က နေပြည်တော်မှာလုပ်မယ့် အကယ်ဒမီပေးပွဲကို မတက်ရောက်တဲ့အနုပညာရှင်တွေဟာ စစ်တပ်ကို တော်လှန်ပုန်ကန်မှုမြောက်ကြောင်းခြိမ်းခြောက်ပြောဆိုနေတဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ စစ်တပ်က မေလထဲမှာ ရုပ်ရှင် အကယ်ဒမီပေးပွဲကို နေပြည်တော်မှာ လုပ်ဖို့ပြင်ဆင်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ကနေ တော်လှန်ရေးသမားဖြစ်လာသူ မင်းမော်ကွန်းက နေပြည်တော်မှာလုပ်မယ့်ပွဲ […]
Continue Reading