Fact Check: မြောက်ကိုရီးယားက ပြည်သူတွေအတွက် ဒေါ်လာ ၂၃ သန်းပေးလိုက်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တဲ့သတင်းတု

မြောက်ကိုရီးယားက မြန်မာပြည်သူတွေကို ဒေါ်လာ ၂၃ သန်းပေးအပ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကိုလည်း ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ပြည်သူတွေတွက် ဝမ်းသာစရာ သတင်းကောင်း မြောက်ကိုရီးယားက ပြည်သူကို ဒေါ်လာ(၂၃)သန်းပေး ကင်ဂျုံအမ် မအလကို ဖမ်းဝရမ်းထုတ်လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းအကြောင်း အရာတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ဝေလေ့ရှိတာတွေ့ရပါတယ်။ အခု ဖြန့်ဝေထားတဲ့ မြောက်ကိုရီးယားက မြန်မာပြည်သူတွေကို ဒေါ်လာ ၂၃ သန်းပေးအပ်လိုက်ပြီး […]

Continue Reading

Fact Check: NUG ကို ဒေါ်လာ ၅၂၅ သန်းပေးဖို့ အောက်လွှတ်တော်အတည်ပြုခဲ့သလား-မဟုတ်ပါ

NUGကို ဒေါ်လာ ၅၂၅ သန်းပေးဖို့ အမေရိကန် အောက်လွှတ်တော်က ၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက်မှာ အတည်ပြု လိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ VOA မြန်မာပိုင်းက ဖော်ပြခဲ့တဲ့ NUG ရဲ့အကူအညီတောင်းခံမှုသတင်းကို အမေရိကန် လွှတ်တော်က အတည်ပြု လိုက်တယ်ဆိုပြီး နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်တပ်ထားခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “NUGကို ဒေါ်လာ သန်း၅၂၅ ပေးဖို့ အောက်လွှတ်တော် အတည်ပြုပြီ 18July 2023” တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခုဖော်ပြနေတဲ့ ဗွီဒီယိုပါ အကြောင်းအရာဟာ […]

Continue Reading