Fact Check: “သူခိုး”အမည်နဲ့ ဝတ္ထုစာအုပ်အတွက် ဦးသိန်းထွန်းဦးက တရားစွဲ မယ်ဆိုတာမဟုတ်ပါ

ရွေးကောက်ပွဲကာလအတွင်းက ထင်ယောင်ထင်မှားဖြစ်စေတဲ့ အချက်အလက်တွေနဲ့ သတင်းတုသတင်းမှားတွေ ဖန်တီးမျှဝေခဲ့ကြရာမှာ အချို့သောအကြောင်းအရာတွေကို ရွေးကောက်ပွဲအပြီးမှာ အချိန်ကာလနဲ့ ကိုက်ညီအောင် ရေးသားပြီး ထပ်မံမျှဝေနေတာတွေ့ရပါတယ်။ ဒီအထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ(USDP)က ဦးသိန်းထွန်းဦးက ဟာသဝတ္ထုစာရေးဆရာ အကြည်တော် ကို သူရေးတဲ့ဝတ္ထုအတွက် တရားစွဲမယ်ဆိုတဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ရခြင်းမှာ အဓိက အကြောင်းအရင်းဟာ အကြည်တော်ရဲ့ “သူခိုး”အမည်နဲ့ စာအုပ်ကြောင့်ဖြစ်တယ်လို့ သုံးသပ်ရရှိလို့ ဦးသိန်းထွန်းဦးက တရားစွဲ ဆိုသွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေနေတာဟာ သတင်းတုသတင်းမှားတစ်ခုဖြစ်တာကို Fact Crescendo Myanmar တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါ အတိုင်း တွေ့ရပါတယ်။ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ “#အကြည်တော်ဘက်လှည့်သွားပြန်ပြီ မိမိတို့ပြည်ခိုင်ဖြိုးပါတီ NLD […]

Continue Reading