Fact Check: ရန်ကုန်တက္ကသိုလ်က အခမဲ့သင်တန်းတက်သူတွေကို လက်ပ်တော့ တလုံစီပေးသလား-မဟုတ်ပါ
အွန်လိုင်းကနေ အခမဲ့သင်တန်းပေးနေပြီး သင်တန်းတက်သူတွေကို ရန်ကုန်တက္ကသိုလ်က လက်ပ်တော့ တလုံစီပေးနေတယ်လို့ဆိုပြီး ကြော်ငြာထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတယ်။တကယ်တော့ သတင်းမှား တခုသာဖြစ်တယ်။ အွန်လိုင်းကနေ အခမဲ့ သတင်တန်း ရန်ကုန်တက္ကသိုလ်က ပို့ချခြင်းမရှိသလို လက်ပ်တော့ ပေးမယ်ဆိုတာလည်း မဟုတ်ပါဘူး။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ကြော်ငြာ တခုက ရယူထားခြင်းဖြစ်တယ်။ “အကြောင်းကြားပါ။ ဧပြီလ 22 ရက်၊ 2024 မှ ရန်ကုန်တက္ကသိုလ်သည် အသက် ၁၈ နှစ် မှ ၆၅ နှစ်ကြား အခမဲ့ အွန်လိုင်းသင်တန်း များ ပို့ချပေးနေသည်။ သင်တန်းကာလ အတွင်း လက်ပ်တော့တစ်လုံး ပေးပါမည်။ သင်တန်းပြီးဆုံးပါက ရန်ကုန်တက္ကသိုလ်မှ ဘွဲ့လက်မှတ်ရရှိမည်ဖြစ်ပါသည်။” မူရင်းလင်ခ့် – Fb link | […]
Continue Reading