Fact Check: အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေးဆိုတဲ့ သတင်းတု

အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ — အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။  “အင်းစိန်ထောင်ကို မီးရှို့ပြီး  ရာဇဝတ်သား ၃၀၀၀ ထွက်ပြေး တစ်မြို့လုံး အန္တရာယ်ဥဩဆွဲသံတွေ ကြားနေရ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လူစိတ်ဝင်စားမှုများပြားနိုင်တဲ့ အကြောင်းအရာတွေ ကို လုပ်ကြံရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။ အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေး လွတ်မြောက်သွားတယ်ဆိုတဲ့သတင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။  အခြားသော ဗွီဒီယိုပါအကြောင်းအရာတွေကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “BGF က […]

Continue Reading

Fact Check: အင်းစိန်ထောင်ပေါက်ကွဲမှု ဒေါ်အောင်ဆန်းစုကြည်သေဆုံးတဲ့ သတင်းတု

အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်ပွားပြီး ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း ထောင်မှူးအတည်ပြုတယ်လို့ ရေးသားထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်ပွား အမေစုသေဆုံးကြောင်းထောင်မှူးအတည်ပြု”စသည်ဖြင့် ဗွီဒီယို အဖွင့် ရုပ်ကတ်မှာ ရေးသားထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူး ယူပြီး နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်တု ခေါင်းစဉ်မှားတွေ တပ်ကာ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ ရပါတယ်။  အခုလို အင်းစိန်‌ထောင် ဗုံးပေါက်မှု ဒေါ်အောင်ဆန်းစုကြည် သေဆုံးတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုပါ အကြောင်းအရာဟာ မြိုင်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ […]

Continue Reading

Fact Check: အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦးထွက်ပြေးဆိုတဲ့ သတင်းမှား

အင်းစိန်ထောင်အတွင်းမှ ဝန်ထမ်း ၃၀၀ ဦး  ထွက်ပြေးသွားလို့ ဗိုလ်ချုပ်စိုးထွဋ်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်ဆိုတဲ့ဗွီဒီယိုပို့စ်တစ်ခုပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းမှားဖြစ်ပါတယ်။  “အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦး ထွက်ပြေးကုန်ပြီ။ ဗိုလ်ချုပ်စိုးထွဋ်ကို ဖမ်းဆီးလိုက်ပြီ”လို့ ရေးသားပြီး “Akon Thi Entertainment” အမည်နဲ့ Youtube Channel အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link   အလားတူတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ မှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် နိုဝင်ဘာ ၂၀ ရက်နေ့က  အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦး ထွက်ပြေးကုန်ပြီ။ ဗိုလ်ချုပ်စိုးထွဋ်ကို ဖမ်းဆီးလိုက်ပြီ ဆိုပြီး ဗွီဒီယို မျက်နှာပြင် အဖွင့် စာသားမှာရေးသားထားပေမဲ့  ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာနဲံ့ ပတ်သတ်တာ မပါဝင်ပါဘူး။   အခြားသော […]

Continue Reading

Fact Check: ဒီဓာတ်ပုံကထောင်ကျသွားတဲ့ ၃ နှစ်အရွယ်ကလေးငယ်ရဲ့ ပုံမဟုတ်ပါ

တန်းစီလျှောက်နေတဲ့ လူတွေရဲ့အရှေ့မှာ “FREE OUR  LEADER” စာတန်းပါဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံဗီနိုင်း ကို ကိုင်ဆောင်လမ်းလျှောက်နေတဲ့ ကလေးတစ်ဉီးကို မတ်လ ၂၄ ရက်နေ့က ထောင် ၃ နှစ်ကျခံလိုက်ရတဲ့ အသက် ၃ နှစ်အရွယ် မဆုမြတ်ဇော်အဖြစ် ဖေ့စ်ဘွတ်အသုံးပြုအချို့က ပြန်လည်မျှဝေလျက်ရှိပါတယ်။ ဓာတ်ပုံပါ ကလေးငယ်မှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်က အသက် ၅ နှစ်အရွယ် မိန်းကလေး ငယ်တဉီးရဲ့ ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။ “ကမ္ဘာ့ အသက်ငယ်ဆုံး အကျဉ်းသူ မဆုမြတ်ဇော် အသက် ၃ နှစ်… (ထောင်ဒဏ် ၃နှစ်) တဲ့ဗျာ…😢😔 What is justice? For Myanmar people” စသည်ဖြင့် ရေးသားပြီး “Lin Yaung Chi”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ […]

Continue Reading

Fact Check: အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ သတင်းတုသတင်းမှား

အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေ ထွက်ပြေးတယ်လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာ၊ ယူကျူ့(youtube)စာမျက်နှာနဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ အခြားလွတ်လပ်သော သတင်းဌာနတွေမှာ ဒီသတင်းကို မတွေ့ရပါဘူး။  “ပညာ ပန်း ခင်း”ဖေ့စ်ဘွတ်အသုံးပြုသူက အထက်ပါဆိုလိုရင်းပါတဲ့ ဘလော့ပို့စ်တစ်ခုကို အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၁၂ ကြိမ်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  “Myanmar Life Channel” အမည်နဲ့ youtube စာမျက်နှာမှာလည်း “အင်းစိန်ထောင် လောင်ပြီ ထောင်သားတွေ ထွက်ပြေး”လို့ ရေးသားပြီး ဇူလိုင် ၂၃ ရက်က ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီဗွီဒီယိုကို […]

Continue Reading