Fact Check: နေပြည်တော် စစ်ကောင်စီအစည်းအဝေး ဗုံးပေါက်ကွဲ သွေးချောင်းစီးတဲ့ သတင်းတု
နေပြည်တော် စစ်ကောင်စီအည်းအဝေးဗုံးပေါက်ကွဲပြီး သွေးချောင်းစီးခဲ့တယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့အကောင့်တစ်ခုက ဇွန် ၂၆ ရက်မှာ ဖြန့်ဝေနေပုံဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ဒီယူကျူ့အကောင့်ကနေပဲ သွေးထွက်သံယိုဖြစ်လို့ နေပြည်တော် အစည်းအဝေးဖျက်သိမ်းပြီး ဝန်ကြီးအားလုံးထိန်းချုပ်ခံရတယ်လို့ ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ News of Myanmar အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေရဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်တု၊ ခေါင်းစဉ်လွဲတွေတပ်ပြီး ဖြန့်ချိလေ့ရှိတယ်။ အခုလည်း ဗွီဒီယိုအစမှာပြတဲ့ ရုပ် thumbnail ဓာတ်ပုံမှာ နေပြည်တော် စစ်ကောင်စီအည်းအဝေး ဗုံးပေါက်ကွဲပြီး […]
Continue Reading