Fact Check: အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်သလား- အထောက်အထားမရှိပါ
ခါးတဲ့အရသာ ၂ မျိုးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တာတွေ့ရပါတယ်။ အစားအသောက် ၂ ခုကို အတူတွဲ စားသောက်မိလို့ သေဆုံးနိုင်တယ်ဆိုတာဟာလည်း ယုံတမ်းစကားတခုသာဖြစ်ပါတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဇင်ဘာ ၂၉ ရက်မှာစတင်ဖြန့်ဝေခဲ့တဲ့ ဒီပို့စ်ဟာ တရက်အတွင်း ပြန်လည်မျှဝေမှုပေါင်း တထောင်ကျော်နဲ့ ကြည့်ရှု့မှုအကြိမ်အရေအတွက် တ သိန်းနီးပါးအထိ ရရှိထားတယ်။ ဒီပို့စ်မှာပဲ ဓာတ်ပုံစာသားထဲမှာတော့ အမျိုးမတူသည့် အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိပါက သွေးတိုးပြီး လေဖြတ်သေဆုံးနိုင်ခြေရှိတယ်လို့လည်း ဆိုထားပါတယ်။ “ခွေးတောက် + တမာ ကြောင်လျှာ + ကြက်ဟင်းခါး […]
Continue Reading