Fact Check: ကရင်ပြည်နယ်မှာ မြန်မာစစ်သားတွေ ပြန်လည်မြှုပ်နှံမှုကို စစ်ကိုင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအဖြစ်ပျံ့နှံ့

စစ်ကိုင်းတိုင်းမှာ ပြည်သူတွေကို သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားတွေက အလောင်းဖျောက်နေတဲ့ ရုပ်သံ မှတ်တမ်းဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျှက်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းက ကရင်ပြည်နယ် ကနဲလေးကျေးရွာအနီးမှာ မြန်မာစစ်သားတွေကို KNDO ကဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ရွံ့ညွှန်တွေပေကျံနေတဲ့ လူသေအလောင်းတွေကို မြင်တွေ့ရပြီး စစ်ယူနီဖောင်းနဲ့ စစ်သားတွေက မြေကျင်းတစ်ခုထဲကို ပြန်လည်ချနေတာတွေ့ရပါတယ်။  “စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင်ပြည်သူများအား သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားများက အလောင်းဖျောက်နေသည့် ရုပ်သံမှတ်တမ်း သား​လေး”လို့ ရေးသားပြီး “Thuya Zaw” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၇၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အခြားသောပြောဆိုချက်တွေမှာ “စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင်ပြည်သူများအား သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားများက အလောင်းဖျောက်နေသည့် […]

Continue Reading