Fact Check: အီရန်လေပိုင်နက်က အစ္စရေးတိုက်လေယာဉ်လား- မဟုတ်ပါ

အီရန်လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ အစ္စရေးရဲ့ တိုက်လေယာဉ်အကြား အပြန်အလှန်တိုက်ခိုက်မှုလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အီရန်ပိုင်နက်ပေါ်မှာ အီးစ္စရေး တိုက်လေယာဉ်” Original link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီဗွီဒီယိုဟာ ဂိမ်းဆော့ဖ်ဝဲလ်တခုကို အသုံးပြုပြီး ဖန်တီးထားတာတွေ့ရပါတယ်။ ဒီလို ကောင်းကင်ထက်က တိုက်လေယာဉ်နဲ့ မြေပြင်လေကြောင်းရန် ကာကွယ်ရေးစနစ်အကြား အပြန်အလှန်တိုက်ခိုက်မှု ဗွီဒီယိုဟာ အိန္ဒိယ-ပါကစ္စတန်တင်းမာမှုမြင့်တက်ချိန်ကလည်း အိန္ဒိယလေယာဉ်ကို ပါကစ္စတန်က ပစ်ချမှုအဖြစ် ပျံ့နှံ့ခဲ့ဘူးပြီး ဖေ့စ်ဘွတ်ပေါ်က နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို အချက်အလက် စိစစ်တဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ AFP က အချက်အလက်စိစစ်ဖော်ပြခဲ့ဘူးပါတယ်။  အခုလည်း ဒီဗွီဒီယိုဟာ လက်ရှိ […]

Continue Reading

Fact Check: အစ္စရေးနဲ့ အီရန် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့ စစ်ခေါင်း‌ဆောင်ပြောတဲ့သတင်းတု

အစ္စရေးနဲ့ အီရန် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့ စစ်ခေါင်း‌ဆောင်ပြောကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ‌ဖော်ပြချက်အဖြစ် စခရင်ရှော့ဓာတ်ပုံပို့စ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အစ္စရေးနှင့် အီရန်တို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် နစကဥက္ကဌကြီး တိုက်တွန်း ၊ နှစ်နိုင်ငံငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ကြားဝင်စေ့စပ်ပေးမည်ဟုပြောကြား” Original link | Archive link တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတာတွေကို ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ တုန့်ပြန်မှုကို လေ့လာကြည့်ရာမှာ အများစုက သရော်စာအဖြစ်နားလည်ပေမဲ့ တချို့က နားလည်းမှုလွဲစေတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရ အောင်ပါ။ မြန်မာစစ်တပ်နဲ့ စပ်ဆက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စစ်တပ်ပိုင် သတင်းဌာနတွေကို စစ်အာဏာသိမ်း အပြီး ရက်ပိုင်းအတွင်းမှာပဲ […]

Continue Reading

Fact Check: အိန္ဒိယက ဘာသာရေးပွဲတော်ကို အစ္စရေးက စစ်ဘေးရှောင်တွေ အဖြစ်ဖော်ပြနေခြင်းဖြစ်တယ်

လမ်းမတခုထက်မှာ တိုးဝှေ့နေတယ်လို့ ထင်ရတဲ့ လူအုပ်စုကြီးပါတဲ့မြင်ကွင်း ဗွီဒီယိုတခုကို လက်ရှိ အစ္စရေးနဲ့ ဟားမတ်စ်ကြားစစ်ပွဲကြောင့် လူတွေတိမ်းရှောင်ရမှုအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယက ဘာသာရေး ပွဲတော် တခုဖြစ်တဲ့ Rath Yatra ဆိုတဲ့ ဘာသာရေးပွဲတော်တခုက မြင်ကွင်းဖြစ်တယ်။ “တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ အစ္စရေးနဲ့ ဟားမတ်စ် တို့ကြား စစ်ပွဲကြောင့် ထွက်ပြေးရသူတွေဆိုတဲ့ အထောက်အထားတစုံတရာမတွေ့ရဘဲ အိန္ဒိယက ဘာသာရေးပွဲတော်တခုအဖြစ်သာတွေ့ရပါတယ်။ Fact Crescendo ရဲ့ အိန္ဒိယနိုင်ငံက အချက်အလက်စိစစ်သူတွေကလည်း ဒီဗွီဒီယိုဟာ […]

Continue Reading

Fact Check: လက်ရှိပဋိပက္ခအတွင်း အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်း တွေက ကားနဲ့ဆွဲယူနေပုံလား- မဟုတ်ပါ

လက်ရှိပဋိပက္ခအတွင်း အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်းတွေက ကားနဲ့ဆွဲယူနေပုံလို့ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ ဒီဗွီဒီယိဟာ လက်ရှိပဋိပက္ခမတိုင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုတခု ဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဂါဇာအနီးက အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်းတွေက ကားနဲ့ဆွဲယူ” တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို Google မှာပုံရှာနည်းနဲ့ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းနဲ့ ရှာကြည့်ရာမှာ ဒီဓာတ်ပုံဟာ စက်တင်ဘာလကတည်းက သတင်းဖော်ပြချက်တခုမှာတွေ့ရပါတယ်။ စက်တင်ဘာ ၁၅ ရက်က အစ္စရေး တောင်ပိုင်းမှာ F-16 တိုက်လေယာဉ် ၂ စီးကို ကားနဲ့သယ်နေတဲ့ ဗွီဒီယိုဖိုင်ဖြစ်တယ်။ ဒီဗွီဒီယိုဟာ အိက်(စ်)(X)လို့အမည်ပြောင်းထားတဲ့ […]

Continue Reading